ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံ-မိုင်းယန်းသွားကားလမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့)မွန်းတည့်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ သိရသည်။
ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က ကျိုင်းတုံ-မိုင်းယန်းသွားကားလမ်း၏ ဟတ်ဟိုင်းဘုန်းတော်ကြီးရှေ့အနီးတွင် ကားနှင့်ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်တိုက်မိခဲ့သဖြင့် တိုင်းနေနာရေးကူညီမှုအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်၌ ဆိုင်ကယ်စီးလာသည့် ယန်းလုံကျေးရွာနေ ဦးလုံးနန်ဆမ်(၇၅)နှစ်မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တိုင်းနေနာရေးကူညီမှုအသင်းမှ ဦးလုံးနန်ဆမ်၏ ရုပ်အလောင်းအား ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

