Tuesday, May 26, 2026

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို...

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ...
HomeNewsLocal Newsကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့တစ်ဦး သွေးအန်သေဆုံး

ကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့တစ်ဦး သွေးအန်သေဆုံး

ကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့တစ်ဦး သွေးအန်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့အမျိုးသားတစ်ဦး ယနေ့ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက သွေးအန်သေဆုံးသွားကြောင်း ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းမပေါ် ရှိ ကားမှတ်တိုင်တွင် ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၅ မိနစ်အချိန်ခန့်တွင် အမျိုးသားတစ်ဦး သွေးအန်၍ လဲကျနေကြောင်း လမ်းသွားလမ်းလာတစ်ဦးက “ရွှေရောင်သမိုင်း”အသင်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာသည့်အတွက် “ရွှေရောင်သမိုင်း” အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်း လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက ကူညီနိုင်ရန် အချိန်နှင့်တစ်ပြေးညီသွားရောက်ခဲ့သော်လည်း ဖြစ်စဉ်နေရာသို့ရောက်ရှိသည့်အခါ အဆိုပါအမျိုးသားမှာ သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားသည် အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး အသက် ၅၀ အရွယ်ခန့်ရှိကာ ပြင်ပဒဏ်ရာ တစ်စုံတရာ မရှိဘဲ သေဆုံးသွားသည်ကိုတွေ့ရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု “ရွှေရောင်သမိုင်း” အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်းထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ပြောကြား“

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။“ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်။ ဖက်ဒရယ်ဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းပြည်သာယာဝပြောရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ပြည်သူများ အမှန်တကယ်...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။ ကျောင်းအပ်ရာသီရောက်ရှိလာပြီဖြစ်သဖြင့် KG+9 အထိ မသင်မနေရပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပညာရေးကို အားပေးမှသာ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။ ကျောင်းပညာရေးကို အားမပေးပါက နောင်အနာဂတ်တွင် ကလေးငယ်များ၏ ဘဝလမ်းခရီး ခက်ခဲလာနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံး၏...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတပြော

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် မည်သို့ပင်ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက် နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်လိုအပ်မည်ဟု ပြော သည်။ " နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အား နည်းချက်တွေဖြစ်ပေါ်နေတာကို အလေးထားပြီးပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ရပါမယ်။ မိမိတို့အစိုးရအ နေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ နိုင်ငံရေးအား၊ စီး ပွားရေးအား၊ ကာကွယ်ရေးအားတွေတိုးတက်လာစေဖို့၊ နိုင်ငံတကာမျက်နှာစာမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071