မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၌ ကာလအတန်ကြာ ရပ်နားထားခဲ့သည့် ကေဘယ်လ် ကားများ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ် ကြောင်း သိရသည်။
အောက်တိုဘာ (၄) ရက်က စတင်ကာ ပြေးဆွဲပေးခဲ့ခြင်းဖြစ် ပြီး ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် ရည်ရွယ်၍ ဆော င်ရွက်ခြင်းလည်း ဖြစ်သည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အ ထိ ခုနစ်လတိုင်တိုင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီ အထိပြေးဆွဲပေးမည်လည်း ဖြစ်သည်။
ကေဘယ်လ်ကား စီးနင်းခမှာ အသွား ခရီးကို လူတစ်ဦးလျှ င် ငွေကျပ်(၂၀၀၀၀) နှင့် အသွားအပြန် ခရီးအတွက် ငွေကျပ် (၃၀၀၀၀) သတ်မှတ်ထားကြောင်းလည်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ မှ စတင် ကျင်းပသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွားအများအပြားလာရောက်လေ့ရှိကြသည်။
