ဝါရှင်တန်၊ဒီဇင်ဘာ ၃
အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသ၌ ဖမ်းဆီးခံထားရသည့်ဓ-ါးစာခံများကိုဇန်နဝါရီလ ၂၀ ရက် ကျမ်းကျိန်ပွဲမတိုင်မီ အပြီးလွှတ်ပေးဖို့ ရွေးကောက်ခံသမ္မတထရမ့်ပ်က ဟားမတ်စ်ကိုရာဇသံပေးလိုက်သည်။
ဟားမတ်စ်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမတ်စ်တို့က ဓ-ါးစာခံအယောက် ၂၅၀ ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အချို့မှာ ကနဦးအပစ်ရပ်သဘောတူညီချက်၌လွတ်လာကြသလို အချို့မှာမူ ေ-သဆုံးသွားကြပြီဖြစ်သည်။
လက်ရှိအချိန်အထိ ဟားမတ်စ်လက်ထဲ၌ သက်ရှိထင်ရှားကျန်နေသူ ဓ-ါးစာခံ ၁၀၁ ဦးခန့်ရှိနေသေးသည်ဟုလည်းသိရသည်။
“ပေးထားတဲ့အချိန်အတွင်း ဓ-ါးစာခံတွေကို ခြွင်းချက်မရှိလွှတ်ပေးပါ၊အဲ့လိုမဟုတ်ပဲ ကျမ်းကျိန်ပြီး အမေရိကန်သမ္မတတာဝန်ယူတဲ့အထိ မလွှတ်ပေးသေးဘူးဆိုရင် အရှေ့အလယ်ပိုင်းမှာ အခုထက်ဆိုးတဲ့အခြေနေတွေရင်ဆိုင်ဖို့ပြင်ထားပါ” ဟုလည်း၎င်းက ပြောကြားခဲ့သည်။
ဟားမတ်စ်ဘက်ကထုတ်ပြန်ချက်အရ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဓ-ါးစာခံ ၃၃ ဦးအထိေ-သဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။
Source : ရိုက်တာ/အာရ်ဇက်
