အမေရိကန်အဆိုတော် Lancifer နဲ့ ဖြူဖြူကျော်သိန်းရဲ့ ‘Storm’ Album က ထူးခြားတယ်။ ဖြူဖြူ ကျော်သိန်းကို EDM ပုံစံနဲ့ထပ်တွေ့ရဦးမယ်။ ပြီးတော့ Lancifer ကရော မြန်မာပြည် ဂီတလောကထဲကို ဝင်ရောက်လာတဲ့အတွေ့အကြုံအသစ်လည်းဖြစ်တယ်။
”ပထမဦးဆုံး တွဲလုပ်ရတဲ့အခါမှာ အဆင်တော့ပြေပါတယ်။ ဖြူဖြူတို့ Native Speaker လိုမျိုးပြောရတာလေး တစ်ခုပါပဲ(ရယ်လျက်)။ ကျန်တာကတော့ တော် တော်လေးအဆင်ပြေတယ်။ ပထမဦးဆုံးအစပျိုးတာကတော့ Miracle သီချင်းပေါ့။ လွန်ခဲ့တဲ့ ၆လလောက်တုန်းက အဲဒီသီချင်းလေးထွက်ဖြစ်တယ်။ ဒီ Miracle သီ ချင်းလေးကို အားပေးခံရတဲ့အပေါ်မှာမူတည်ပြီးတော့ ဖြူဖြူတို့ Storm အခွေ လေးဖြစ်ဖို့အတွက် ခွန်အားရလာတာပါ။ ဒီနာမည်လေးကို မှည့်ဖြစ်တာကလည်း အခွေ Title အတွက် စဉ်းစားတဲ့အချိန်က မုန်တိုင်းတိုက်နေတယ်။ မှတ်မှတ်ရရပဲ အဲဒီလိုလေးမှည့်ဖြစ်သွားတယ်။ နောက်တစ်ခုက ဘာလေးရှိလဲဆိုတော့ ဖြူဖြူ တို့ရဲ့သီချင်းတွေက ခွန်နဲ့အားနဲ့၊ အရှိန်အဟုန်နဲ့ မုန်တိုင်းလိုပဲလာမယ်ဆိုတဲ့သဘောပေါ့နော်။ ဒါဟာ ကျိန်းကျေသွားပါတယ်။ တကယ့်မုန်တိုင်းလည်း မရှိတော့ပါဘူးလို့။ အဲဒီနိမိတ်ကိုလည်းဆောင်ပါတယ်”လို့ ဖြူဖြူကျော် သိန်းက ပြောပါတယ်။
Lancifer တို့နဲ့အတူပူးပေါင်းဖြစ်တာကတော့ ဂီတပုံစံထူးခြားမှု တစ်ခုတင် မကဘဲနဲ့ သူတို့ရဲ့ သီချင်းတိုင်းမှာ ဖရုဿဝါစာရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို သုံးမထားတာ၊ သူတို့ရဲ့ Music Video တွေမှာ လိင်ပိုင်းဆိုင်ရာနှိုးဆော်တာတို့၊ ပေါ်ပင်လိုဟာမျိုးတွေ မသုံးထား တာတွေကို သဘောကျလို့ ဖြစ်ကြောင်းဖြူဖြူကျော်သိန်းက ပြော ပါတယ်။ ‘Storm’ ထဲမှာပါတဲ့ စာသားအကြောင်းအရာတွေက ”Positive ဖြစ်တာတွေပေါ့နော်။ နိမိတ်ကောင်းတာတွေလို့ အလွယ်ပြောရမှာပေါ့။ အသည်းကွဲတယ်ဆိုရင်တောင်မှ ဒါမျိုးတွေ မရှိတော့ဘူး။ ဘဝအသစ်စမယ်ဆိုတဲ့အရသာမျိုးကို သွားတယ် လေ။ ပြီးတော့ ဒီဂီတအမျိုးအစားရဲ့အားသာချက်ကိုက ကြားလိုက် လို့ရှိရင်ခုန်ချင်တယ်။ ပေါက်ချင်တယ်။ မြူးကြွပြီးတော့ စိတ်ချမ်း သာတယ်။ အပျော်တွေကိုပဲတွေးမိတယ်။ ငါတို့လန်းမယ်။ လွတ် မြောက်မယ်ပေါ့။ အဲဒီအရသာကိုပေးတယ်ဆိုတော့ စာသားလေးတွေ ကိုလည်း ဖြူဖြူတို့က Positive ဖြစ်တာလေးတွေကိုပဲရွေးချယ်ထား တယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။
မျိုးမောင်