အဆိုတော်ရေမွန်ရဲ့ ဈာပန အခမ်းအနားကို လိုက်လံပို့ဆောင်ခဲ့ခြင်း မရှိတဲ့ ရေမွန်ရဲ့ ချစ်သူကို တချို့ပရိသတ်တွေက ဝေဖန်နေတာတွေ ရှိပါတယ် ။ဝေဖန်နေတာတွေနဲ့ပတ်သတ်ပြီး ရေမွန်ချစ်သူရဲ့အမေက သူမရဲ့ဖေ့ဘုတ်စ်မှာ အခုလိုပဲရေးသားထားပါတယ်။
“ ကျမ သမီးလေးကို အပြစ်ပြောနေသူများရှင်..
သမီးကို ကျမက မလွှတ်တာပါ
သူအရမ်းသွားချင်ခဲ့ပါတယ်
သူအခု အရမ်းပင်ပန်းပြီး ဖျားနေပါတယ်
အဖျား ၁၀၂ F က ကျလိုက် တက်လိုက်နဲ့
အရမ်းလဲ အားနည်းနေပါတယ်
အချိန်တိုင်းလည်း ငိုနေရလို့ ပင်ပန်းလှပါပြီ
ကျမက သူ့ကို memory ကောင်းကောင်းလေးနဲ့ပဲ ရှိနေစေချင်တာလည်း ပါပါတယ်..
ဟိုကိုလိုက်သွားဖို့ရာ လမ်းခရီး နေရာတို့ကိုလည်း ကျမ စိတ်မချတာပါ
ကျမလည်း လိုက်မပို့နိုင်.. သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချနဲ့မို့
ကျမလဲ တော်တော်လေး စိတ်ပင်ပန်းရပါတယ်
ပြောချင်တာလေးကလေ..
ဆုံးဖြတ်ချက်တိုင်းက နှလုံးသားနဲ့ ဆုံးဖြတ်ရတာ ရှိသလို ဦးနှောက်နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်.. အရမ်းလဲ နာကျင်ရပါတယ်
နောက်တစ်ခုက သမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည်ပေးကြပါနော်
အပြစ်ပြောနေကြသူများကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့ ကျမ မှတ်ယူနားလည်ပေးပါတယ်
သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေးကြလို့လည်း ကျေးဇူးအထူးတင်ပါတယ်
နားလည် ခွင့်လွှတ်ပေးကြပါရှင်
ကျမ သမီးလေး အမေပါ “ လို့ရေးသားထားပါတယ်။