လာမည့် ဧပြီလအတွင်းကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ မတ် ၂၆ ရက်က သတိပြုလိုက်နာရမည့် ကျန်းမာရေးအသိပေးချက်များကိုနှိုးဆော်ထုတ်ပြန်ခဲ့သည်။
အပူဒဏ်အန္တရာယ်မှကာကွယ်ရန် နေ့လယ်ပိုင်းနေရောင်ပြင်းထန်ချိန်တွင် အရိပ်ရသည့်နေရာများ၌နားနေပါ၊ အပြင်ထွက်ပါက (ထီး၊ ဦးထုပ်) တို့အသုံးပြုပါ၊ ရေဓာတ်ခန်းခြောက်မှုမှကာကွယ်ရန် သန့်ရှင်းသည့်သောက်ရေမကြာခဏသောက်ပါ၊ အရက်သောက်သုံးခြင်းသည် အပူဒ-ဏ်အန္တရာယ်ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် အထူးသတိပြုရန်တို့ကို အသိပေးခဲ့သည်။
ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်ရန် ရေကစားရာတွင် သန့်ရှင်းသောရေကိုသာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ရေကစားရာတွင် အသုံးပြုသောရေကို သောက်ခြင်းမပြုသင့်ပါ၊ ရေကစားရာတွင် မျက်လုံး၊ နား၊ ပါးစပ်ထဲသို့ရေများမဝင်အောင် သတိပြုရန်၊ ဖိအားမြင့်အားပြင်းသည့်ရေပန်းဖြင့် မျက်နှာကိုတို-က်ရို-က်ပက်ခြင်းမှရှောင်ကြဉ်ပါတို့ကိုလည်း အသိပေးခဲ့သည်။
ထိခိုက်ဒ-ဏ်ရာနှင့် မတော်တဆမှုများမှကာကွယ်ရန် စိုစွတ်နေသောလမ်းများတွင် ချော်လဲနိုင်၍သတိထားပါ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပါ၊ အရက်သေစာသောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းမှလုံးဝရှောင်ကြည်ပါ၊ တကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရန် လက်များကို မကြာခဏဆေးကြောပါ၊ လတ်ဆတ်ပြီး သန့်ရှင်းသော အစားအစာများကိုစားသုံးပါ၊ အစားအသောက်ရောင်းချသူများအနေဖြင့် တကိုယ်ရေသန့်ရှင်းရေးသတိပြုဆောင်ရွက်ပါ၊ အစားအစားများကို ယင်နားခြင်းနှင့် အခြားအညစ်အကြေးများမဝင်ရောက်နိုင်ရန် စနစ်တကျဖုံးအုပ်ပါဟုလည်း အသိပေးခဲ့သည်။
အပူဒ-ဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းနှင့် ထိခိုက်ဒါ-ဏ်ရာတစ်စုံတရာရရှိပါက နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (သို့) ပြည်သူ့ဆေးရုံသို့ အမြန်ဆက်သွယ်၍ဆေးကုသမှုခံယူပါဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
