Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsကျင်းပရန် တစ်ရက်သာလိုတော့သည့် ၂၀၂၄...

ကျင်းပရန် တစ်ရက်သာလိုတော့သည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မနက်ဖြန် ဖေဖော်ဝါရီလ (၉) ရက် ညနေ (၆) နာရီတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားကို ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ထားပြီး ယင်းဇာတ်ကားများထဲမှ ထူးချွန်ဆုရရှိသူများကို ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ရရှိနိုင်သူများအနေဖြင့် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ အေးချမ်းမောင်၊ အလင်းရောင် ၊ ဝတ်မှုန်ရွှေရည်၊ မိုးဟေကို၊ မေမီကိုကို၊ စိုးမြတ်သူဇာ၊ မျိုးသန္တာထွန်း၊ ခိုင်နှင်းဝေ၊ မယ်လိုဒီ၊ ခင်ဝင့်ဝါ၊ ခြူးလေး၊ ပိုးမမှီသာ စသည့် အနုပညာရှင်များမှာ လတ်တလော ရေပန်းစားလျက်ရှိသည်။

အကယ်ဒမီ ဆုပေးပွဲတွင် ပါဝင်အားဖြည့်ရန်အတွက် ရွှေကြိုမောင်မယ် အယောက် (၄၀) ကိုလည်း မြတ်မာ့ရုပ်ရှင်အစည်းအရုံးက ရွေးချယ်ထားပြီး ကြိုတင်စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိနေသည်။

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ (၁၅) ‌ဆုအထိ ရွေးချယ်ချီးမြှင့်သွားရန် လျာထားပြီး အကယ်ဒမီ ပွဲတက်ဝတ်စားဆင်ယင်မှုဆု (၄) ဆုကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံထံမှ သိရသည်။

“အကယ်ဒမီမှာ ဆု (၁၅)ဆုပေးမယ် လျာထားပေမယ့် အတိအကျ မသိနိုင်သေးဘူး။ ဘယ်သူပေးမယ်ဆိုတာကိုလည်းခန့်မှန်းမရသေးဘူး”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္က ဋ္ဌ ဦးကြည်စိုးထွန်းက ဆိုသည်။

လက်ရှိတွင် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် နေပြည်တော် MICC (1) ရှိ ကျောက်စိမ်းခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ ဦးဆောင်ကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အခမ်းအနားတက်မည့် အနုပညာရှင်အချို့လည်း နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ နစက ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071