Wednesday, June 17, 2026

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...

ဟွမ်းဖု မြစ်တစ်လျှောက် သင်္ဘောစီး၍ ရှန်ဟိုင်းမြို့၏...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်...
HomeCelebrities' Newsကျားနဲ့တည့်တည့်တိုးခဲ့ရတဲ့ သူထူးစံ ရဲ့အဖြစ်

ကျားနဲ့တည့်တည့်တိုးခဲ့ရတဲ့ သူထူးစံ ရဲ့အဖြစ်

သရုပ်ဆောင် သူထူးစံကတော့ မကြာမီရုံတင်ပြသတော့မယ့် ဒါရိုက် တာမောင်မျိုးမင်းရိုက်ကူးတဲ့ ‘မှော်ဝင်သမန်းကျား’ ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်း ဆင့်နေခြည် စတဲ့သရုပ်ဆောင်များ နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ သာမန်ရိုးရိုးရုပ်ရှင်တစ်ကားမဟုတ်ဘဲ ဖြစ် ရပ်မှန်တစ်ခုကိုအခြေခံကာ ထိုင်း နိုင်ငံသို့သွားရောက်ပြီး ကျားအစစ် တွေနဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။ မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူ့ရဲ့ရင်ခုန်မှုကိုလည်း သရုပ်ဆောင် သူထူးစံက အခုလိုပြော ပြခဲ့ပါတယ်။

”မှော်ဝင် သမန်းကျား ရုပ်ရှင် ဇာတ်ကား ရိုက်ကူးတုန်းကတော့ အမှတ် တရတွေလည်းအများကြီးရှိခဲ့တယ်။ အခက်အခဲတွေလည်း အများကြီးကြုံခဲ့ရပါ တယ်။ ကျားအစစ်နဲ့ ရိုက်ကူးရတာကတော့ တကယ်အမှတ်တရပေါ့နော်။ ရိုက် နေတုန်းကျားလွတ်သွားတဲ့အချိန်မှာ တော်တော်တော့ လန့်သွားတယ်။ ဒီရုပ်ရှင် ဇာတ်ကားကတော့ သာမန်ရိုက်ကူးနေကျ ရုပ်ရှင်ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ နည်းနည်း ထူးထူးခြားခြားမြင်တွေ့ရမှာပါ။ ကျားအစစ်တွေ နဲ့ ရိုက်ကူးတာဆိုတော့လေ။ ဒီရုပ်ရှင်ဇာတ်ကားကို အတိုင်းအတာတစ်ခုထိ တော့ အောင်မြင်မယ်လို့မျှော်လင့်ပါတယ်။ ရင်ခုန်မှုကတော့ ဒီဇာတ်ကားကို ဦးမျိုးမင်းက ကျွန်တော့်ကို ပေးတဲ့အချိန်ကတည်းက ဇာတ်လမ်းလည်းကောင်း တယ်။ ကျွန်တော်နေရာတစ်ခုတည်းမဟုတ်ဘဲ အကုန်လုံးကလည်း ကောင်း တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကရိုက်ကူးတဲ့အခါအခက်အခဲတွေ ရှိတယ်ဆိုတာ ကတော့ တကယ်ကျားအစစ်တွေနဲ့ရိုက်ကူးခဲ့ရတာကိုး။ ကျွန်တော့်အတွက် ကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။ ဒါပေမယ့် ကျားကလွတ်ပြီး တော့ဝက်ကိုလိုက်ဆွဲတဲ့အခါမှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ပေါ့။ အဲဒီ အချိန်မှာ နေခြည်ရဲ့ငယ်ဘဝ သရုပ်ဆောင်တဲ့ ကလေးလေးကိုဖက်လိုက် တယ်။ နည်းနည်းတော့ကြောက်ခဲ့ပါတယ်” လို့သူကပြောပြ ခဲ့ပါတယ်။

သူ့ဆီလာပြီးကမ်းလှမ်းတဲ့ဇာတ်ကားတွေထဲ သူကိုယ်တိုင်ရွေးချယ်ရိုက်ကူး တဲ့ အကြောင်းကိုလည်း သရုပ်ဆောင် သူထူးစံကပြောပြရာမှာတော့…

”ကျွန်တော်ကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်ကားတွေကို ဇာတ်ရွေး ဖြစ်ပါတယ်။ ဇာတ်ကောင်းတယ်ဆိုရင် မင်းသားမှမဟုတ်ပါဘူး။ ကျွန် တော်ဘယ်နေရာ ရရရိုက်ကူးပါတယ်။ သရုပ်ဆောင်ပီပြင်အောင် ကြိုးစားပြီး ရိုက်ကူးပါတယ်။ ကျွန်တော် ရိုက်ကူးခဲ့တဲ့ဇာတ်ကားက ၂ဝဝကျော် ၃ဝဝ လောက်ရှိနေပြီဆိုတော့ ကာရိုက်တာက ထပ်နေပြီလေ။ အဲဒါကြောင့်ပါ” လို့ပြောပြ ခဲ့ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071