Sunday, June 28, 2026

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက်ကတစ်ချိန်တည်းတစ်ပြိုင်တည်းထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင် မြင်သူ(၁၃၃,၆၇၃)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးတိုင်းက...

အီရန်ကသာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်လာရင် အီရန်နိုင်ငံကို...

တစ်ချိန်ချိန်မှာ အမေရိကန်အနေနဲ့ အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်လုပ်ဖို့ အခြေအနေဖန်လာနိုင်ပြီး၊ အဲ့ဒီအခါကျရင် အီရန်နိုင်ငံဆိုတာ ဆက်ရှိနေတော့မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ "သူတို့...
HomeCelebrities' Newsကျန်းမာလှပသော မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ရွှေသမီး...

ကျန်းမာလှပသော မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ရွှေသမီး ဘာတွေလုပ်ဆောင်ဖြစ်လဲ

ZAW_2967

ရွှေသမီးက အလှအပနဲ့ ပတ် သက်ရင် အသား အရေပိုင်းကို ပိုပြီး ဦး စားပေးပြီး မျက်နှာ အသားအရေပိုင်းကို ပိုမို ဂရုစိုက်ဖြစ်တယ်လို့ ဆိုပါ တယ်။ “မျက်နှာအလှ ပြင်ပြီ ဆိုရင်တော့ မျက်လုံးကို အဓိက ထားပြီး ပြင်ဖြစ်တယ်။ မျက်လုံးက လူ တစ်ယောက်ရဲ့ မျက်နှာမှာ တအားအရေးကြီးတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့လူတွေကတစ်ယောက် နဲ့တစ်ယောက် စကားပြောရင် မျက်လုံးကို ကြည့်ပြီးပြောကြတာ များတယ်လေ။ မျက်နှာ အသားအရေတွင်မကဘူး လက် ကလေးတွေ၊ လည်ပင်းလေးတွေကအစ တအားဂရုစိုက်ပါတယ်” လို့ ရွှေသမီးက ပြောပါတယ်။

shwe
အခုခေတ်မှာ အလှအပပြုပြင်ဖို့ အတွက် ခေတ်မီတဲ့နည်းစနစ်တွေနဲ့ ပြု လုပ်ထားတဲ့ဆေးတွေများစွာ ပေါ်ပေါက် နေသလို၊ သဘာဝနည်းစနစ်တွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ ဒီ နည်းလမ်းတွေထဲကမှ ရွှေသမီးပြုပြင် ထိန်းသိမ်းဖြစ်တဲ့ သဘာဝနည်းကတော့

“သဘာဝနည်းတွေကတော့ အများကြီးရှိတာ ပေါ့နော်။ သခွားသီးကပ်တာလည်းရှိတယ်။ ခရမ်း ချဉ်သီးကပ်တာလည်းရှိတယ်။ ညီမကတော့ မျက်နှာကို Mask လောက်ပဲ လုပ်ဖြစ်တာများ တယ်။ နောက် တစ်ခုက ညီမကအသီးအနှံ တအားစားတယ်။ ကိုယ့် ဘာသာ အိမ်မှာအသီး ကို blender လေးနဲ့ ဖျော် သောက်တယ်။ အဲဒီလိုသောက်ခြင်းက အသားအရေကို စိုပြည်စေတယ်။ အဓိကက ခါကြက်ဥ၊ မုန်လာဥလို့ လည်း ခေါ်တယ်။ မုန်လာဥအနီကို တခြားပန်းသီး တို့နဲ့ ကြိတ်သောက်ဖြစ်တာများပါတယ်” လို့ ရွှေ သမီးကပြောပြပါတယ်။အလှအပကို အလေးထားဂရုစိုက်သလို ကျန်းမာ ရေးနဲ့ပတ် သက်ပြီးလည်း သူ့ရဲ့အလေးထား ဂရု စိုက်ဖြစ်ပုံများကို ရွှေသမီးက…..

“ကျန်းမာရေးနဲ့ပတ်သက်ရင် ငယ်ငယ်လေး ကတည်းက လိုက်စားတယ်လို့ ပြောလို့ရတယ်။ စိတ် လည်းဝင်စားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် အကုန်ဂရုစိုက်တယ်။ ကိုယ်မကြိုက်တဲ့ အစားအစာက အာနိသင်တစ်ခု ခုရှိနေတယ်ဆိုရင် ဘယ်လောက်ပဲ ဈေး ကြီးကြီး ဝယ်စားတယ်။ အရင်တုန်းကဆို နံနံပင် မကြိုက်ဘူး။ ဒါပေမဲ့ နံနံပင်က ကင်ဆာပျောက် တယ်ဆိုတော့ စားတယ်။ ကျန်းမာရေးအရ Medical Checkup ကစတော့ သိပ်မလုပ်ဖြစ်ဘူး။ လုပ်ဖြစ်နေရင်တော့ အကောင်းဆုံးပေါ့။ အခု နောက်ပိုင်းတော့လုပ်ဖို့အစီအစဉ်ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊ ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071