Tuesday, June 24, 2025

MNL League Cup 2025...

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ...

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....
HomeCelebrities' Newsကျန်းမာလှပသော မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ရွှေသမီး...

ကျန်းမာလှပသော မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ရွှေသမီး ဘာတွေလုပ်ဆောင်ဖြစ်လဲ

ZAW_2967

ရွှေသမီးက အလှအပနဲ့ ပတ် သက်ရင် အသား အရေပိုင်းကို ပိုပြီး ဦး စားပေးပြီး မျက်နှာ အသားအရေပိုင်းကို ပိုမို ဂရုစိုက်ဖြစ်တယ်လို့ ဆိုပါ တယ်။ “မျက်နှာအလှ ပြင်ပြီ ဆိုရင်တော့ မျက်လုံးကို အဓိက ထားပြီး ပြင်ဖြစ်တယ်။ မျက်လုံးက လူ တစ်ယောက်ရဲ့ မျက်နှာမှာ တအားအရေးကြီးတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့လူတွေကတစ်ယောက် နဲ့တစ်ယောက် စကားပြောရင် မျက်လုံးကို ကြည့်ပြီးပြောကြတာ များတယ်လေ။ မျက်နှာ အသားအရေတွင်မကဘူး လက် ကလေးတွေ၊ လည်ပင်းလေးတွေကအစ တအားဂရုစိုက်ပါတယ်” လို့ ရွှေသမီးက ပြောပါတယ်။

shwe
အခုခေတ်မှာ အလှအပပြုပြင်ဖို့ အတွက် ခေတ်မီတဲ့နည်းစနစ်တွေနဲ့ ပြု လုပ်ထားတဲ့ဆေးတွေများစွာ ပေါ်ပေါက် နေသလို၊ သဘာဝနည်းစနစ်တွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ ဒီ နည်းလမ်းတွေထဲကမှ ရွှေသမီးပြုပြင် ထိန်းသိမ်းဖြစ်တဲ့ သဘာဝနည်းကတော့

“သဘာဝနည်းတွေကတော့ အများကြီးရှိတာ ပေါ့နော်။ သခွားသီးကပ်တာလည်းရှိတယ်။ ခရမ်း ချဉ်သီးကပ်တာလည်းရှိတယ်။ ညီမကတော့ မျက်နှာကို Mask လောက်ပဲ လုပ်ဖြစ်တာများ တယ်။ နောက် တစ်ခုက ညီမကအသီးအနှံ တအားစားတယ်။ ကိုယ့် ဘာသာ အိမ်မှာအသီး ကို blender လေးနဲ့ ဖျော် သောက်တယ်။ အဲဒီလိုသောက်ခြင်းက အသားအရေကို စိုပြည်စေတယ်။ အဓိကက ခါကြက်ဥ၊ မုန်လာဥလို့ လည်း ခေါ်တယ်။ မုန်လာဥအနီကို တခြားပန်းသီး တို့နဲ့ ကြိတ်သောက်ဖြစ်တာများပါတယ်” လို့ ရွှေ သမီးကပြောပြပါတယ်။အလှအပကို အလေးထားဂရုစိုက်သလို ကျန်းမာ ရေးနဲ့ပတ် သက်ပြီးလည်း သူ့ရဲ့အလေးထား ဂရု စိုက်ဖြစ်ပုံများကို ရွှေသမီးက…..

“ကျန်းမာရေးနဲ့ပတ်သက်ရင် ငယ်ငယ်လေး ကတည်းက လိုက်စားတယ်လို့ ပြောလို့ရတယ်။ စိတ် လည်းဝင်စားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် အကုန်ဂရုစိုက်တယ်။ ကိုယ်မကြိုက်တဲ့ အစားအစာက အာနိသင်တစ်ခု ခုရှိနေတယ်ဆိုရင် ဘယ်လောက်ပဲ ဈေး ကြီးကြီး ဝယ်စားတယ်။ အရင်တုန်းကဆို နံနံပင် မကြိုက်ဘူး။ ဒါပေမဲ့ နံနံပင်က ကင်ဆာပျောက် တယ်ဆိုတော့ စားတယ်။ ကျန်းမာရေးအရ Medical Checkup ကစတော့ သိပ်မလုပ်ဖြစ်ဘူး။ လုပ်ဖြစ်နေရင်တော့ အကောင်းဆုံးပေါ့။ အခု နောက်ပိုင်းတော့လုပ်ဖို့အစီအစဉ်ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊ ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071