ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ်တရားတော်များကိုရွတ်ဖတ်ပူဇော်တော်မူခဲ့ကြပြီး ကော့ကရိတ်မြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်က တရားဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
