နန်းတွင်းကြီးရဲ့ ရင်ခွင်အရိပ်အငွေ့နဲ့
ခြောက်သွေ့သွေ့ အပူဒဏ်ပွေ့ပိုက်ကာ
ကျွန်တော်တို့ မြို့ကလေးဟာ
အညာမြေတစ်ဝိုက်က
မူမှန်၊ နေရာမှန်တဲ့ဒေသပေါ့။
ရာဇဝင်သမိုင်းကြောင်းမှာ
မင်းတုန်းမင်း အရှင်ဘုရင်နဲ့
နန်းတော်မြို့ ကြီး ဟုတ်ခဲ့သလို
ဒဏ်ရာအနာတရတွေကများ
သိက္ခာပါးပါးလေးကြားထဲက
ယဉ်ကျေးမှုဟန်တွေ ဖိတ်လျှံနေတဲ့
ကချေသည်လို မြို့ကလေးလည်း ဟုတ်ရဲ့။
ကျွန်တော်တို့မြို့မှာ
ပြအိုး၊ ပစ္စင်၊ ပြာသာဒ်မျာနဲ့
ခမ်းနားစွာ တင့်တယ်လှပနေတယ်
လှပယဉ်ကျေးပြီးတော့
နှလုံးသားအမှန် အရိုးခံစိတ်ထား
ဘာသာတရားလည်း ထွန်းကားတယ်။
အဲဒီမြို့လေးက
‘မန္တလေး’တဲ့။
နာမည်နဲ့လိုက်အောင်လှတယ်
‘မန္တလေး’က
လှပပြီး သန့်ရှင်းသာယာတယ်
‘မန္တလေး’မှာ
သာယာလွန်းလို့ ငြိမ်းချမ်းတယ်။
‘မန္တလေးမြို့’ဟာ
ငြိမ်းချမ်းပြီး အေးချမ်းချက်ရှိတယ်။
မန္တလေးနွေကို
အရည်ကျိုသောက်ထားတဲ့
မန္တလေးသားတွေကို
နွေပူမှာကြောက်သလားမေးရင်တော့
ရိုးအီပြီး ကြည့်တဲ့မျက်နှာတွေကလည်း
ချစ်စရာ။
ယခုအခါဆို
မြို့သားတွေကိုလည်း ရင်ဘတ်မှာနှစ်
ဧည့်သည်တွေကို တကယ်ချစ်တော့
ကျွန်တော်တို့
မန္တလေးမြို့ရဲ့ နေ့စွဲတွေက
ပိုပိုပြီး ကျစ်လျစ်ခိုင်မာလာခဲ့တယ်။
ဘုန်းမောင် (မန္တလေး)