အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးကို ကိုယ်စားပြုပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိတွေ့ဆက်ဆံနိုင်သည့် တစ်ခုတည်းသော နေရာဖြစ်သောကြောင့် ကုလသမဂ္ဂ၏ အားနည်းခြင်းသည် စင်ကာပူကဲ့သို့သော နိုင်ငံငယ်များအတွက် စိုးရိမ်စရာဖြစ်လိမ့်မည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ပြောကြားလိုက်သည်။
ပဋိပက္ခများ၊ ကုန်သွယ်ရေးတင်းမာမှုများနှင့် ရာသီဥတုဆိုင်ရာ စိုးရိမ်ပူပန်စရာများက ကမ္ဘာ့အစီအစဉ်ကို လွှမ်းမိုးနေချိန်တွင် နိုင်ငံပေါင်းစုံဝါဒသည် လုံးဝလိုအပ်ကြောင်း ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့ပြီး ကူးလူးဆက်သွယ်မှုတည်ဆောက်ခြင်း၊ နိုင်ငံတကာဥပဒေကို ကိုင်စွဲခြင်းအားဖြင့် နိုင်ငံငယ်လေးများသည် တမူထူးခြားလာ နိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့အဖွဲ့အစည်းကို ထိရောက်မှုရှိစေရန် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း သူက သတိပေးခဲ့ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏ ဗီတိုအာဏာအသုံးပြုမှု များပြားနေခြင်းကို ထိန်းကွပ်ရန် တောင်းဆိုခဲ့သည်။
တင်းမာမှုများနှင့် သဘောထားကွဲပြားမှုများ ရှိနေသော်ငြားလည်း ကုလသမဂ္ဂသည် အားလုံးရှိနေသည့် တစ်ခုတည်းသောဖိုရမ်ဖြစ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံအပိတ်ရက်ဖြစ်သော စက်တင်ဘာလ ၂၈ ရက် နေ့တွင် စင်ကာပူမီဒီယာများကို ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
