နန်းဆုရတီစိုးက ကိုရီးယား နိုင်ငံမှထုတ်လုပ်တဲ့ Shangpree Cosmetics ရဲ့ ပထမဆုံးBrand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ Shangpree Cosmeticsရဲ့ Brand Ambassador အဖြစ် ဆောင်ရွက် ဖြစ်ပုံကိုတော့ နန်းဆုရတီစိုးက…
“Shangpree က မြန်မာနိုင်ငံကိုရောက်ရှိတာ ၅နှစ် လောက်ရှိပြီ။ ပထမဦးဆုံးBrand Ambassadorခန့်အပ်တာပါ။ Shangpree Cosmeticကနိုင်ငံ ၂၂ နိုင်ငံကျော်မှာရှိပြီး ၂၈နှစ်သက်တမ်း ရှိပြီ။ နိုင်ငံတကာကပေးတဲ့ ဆုတွေ လည်း ၁ဝဝကျော်ရထားတယ်။ ကိုယ်လည်းကြိုက်တဲ့ Brand ဖြစ်တယ်။ ကိုယ်လည်းသုံးနေတာနဲ့ လက်ခံလိုက်တာပါ။ သူက skincare အဓိကပါ”လို့ ပြောပါတယ်။ အသားရေ လှပတဲ့ မင်းသမီး တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးက ကိုယ်တိုင်လည်း အသားအရည်ကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက် ဖြစ်ကြောင်းကို…
“အသားအရေက နန်းဆုတို့ဆို ရှုတင်တွေမှာဆို မှန်ထိုးမီးထိုး တာတွေရော၊ ခရီးတွေကလည်း အလွန်ထွက်တော့ နေဒဏ်၊ လေဒဏ်ရာသီဥတုဒဏ်တွေကိုခံရတယ်။ အသားအရေက အနည်းနဲ့အများပျက် စီးတတ် တယ်။ ဘယ်လောက်ကောင်းတဲ့ အသားအရေပဲ ဖြစ်ဖြစ် အဲဒီလိုဒဏ်တွေခံရရင် ပျက်စီးမှာပဲ။Skincare ဆိုတာ မရှိမဖြစ် သုံးပေးရမယ့် ပစ္စည်းထဲမှာပါတယ်။ မိန်းကလေးတွေကို အကြံပြုချင်တာက ကိုယ့်အသားအရေကို အမြဲတမ်း ဂရုစိုက်ပေးသင့်တယ်။ မှန်ကန်တဲ့ ပစ္စည်းလည်းရွေးချယ်ရမယ်။ အသားအရေလှပမှုက အဓိကတော့ စိတ်ချမ်းသာတာ၊ ကိုယ်ကျန်းမာတာနဲ့ လည်းဆိုင်ပါတယ်။ စိတ်ချမ်းသာအောင်နေ၊ ကိုယ်ကျန်းမာနေပြီးတော့ အသားအရေ ကိုskincare တွေနဲ့ ထိန်းသိမ်းတာတို့၊ ကုသတာတို့ ကာကွယ်တာတို့ အမြဲတမ်းလုပ်ပေးသင့်တယ်။ တစ်လမှာ spa ကို တစ်ကြိမ် နှစ်ကြိမ်လောက် treatment ယူသင့်ပါတယ်”လို့သူကပြောပါတယ်။ နန်းဆုရတီစိုးက ပရိသတ်တွေအတွက် အွန်လိုင်း ပေါ်မှာ သီချင်းတစ်ပုဒ်ဖြန့်ချိဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ခိုင်ဝေလွင်