မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကိုရီးယားနိုင်ငံမှ Hwashin Industrial Company Limited က ဝမ်(၃)သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်သူများအားလိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Hwashin Industrial Company Limited မှ ယနေ့ ဇွန် ၁၉ ရက်က အလှူငွေဝမ်(၃)သန်းအား မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေအား မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
