Monday, June 23, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော...

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏...

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ...

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို...

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ...
HomeInternationalကိုရီးယားနိုင်ငံသို့ အလုပ်သမားများ အများဆုံးစေလွှတ်လျက်...

ကိုရီးယားနိုင်ငံသို့ အလုပ်သမားများ အများဆုံးစေလွှတ်လျက် ရှိသည့် မြန်မာအပါအဝင်နိုင်ငံ များက အလုပ်သမားများအတွက် Hotline အကောင်အထည်ဖော်ရေး​ဆွေး​နွေး

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Grand Hyatt Hotel ၌ ဧပြီ (၂၄) ရက်က Korea Labor and Employment Service မှ ကျင်းပသည့် နိုင်ငံခြားသား အလုပ်သမားများအတွက် Hotline စနစ်အကောင်အထည်ဖော်ရေး ဆိုင်ရာ Kick-off Meeting သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Korea Labor and Employment Service (KLES) မှ နိုင်ငံခြားသားလုပ်သားများ၏ အရေးကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ ကူညီစောင့်ရှောက်နိုင်ရန် Hotline စန စ် အကောင်အထည်ဖော်ဆောင် ရွက်ရေး Kick-off Mee ting သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ KLES ၏ Secretary General and CEO ဖြစ်သူ Dr. Kim Dae Hwan က အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ လုပ်သား စေလွှတ်လျက်ရှိသည့် (၁၆) နိုင်ငံအနက် တစ်နိုင်ငံ အပါအဝင်ဖြစ်ပါကြောင်း မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။  

မြန်မာလုပ်သားများအနေဖြင့် ဘာသာစကားအခက်အခဲများ၊ လုပ်ငန်းခွင်အခက်အခဲများနှင့် အဓိက ကြုံတွေ့နေရပြီး အဆိုပါအခက်အခဲများနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် ကိုရီးယားအစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယခု Hotline စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်းနှင့် KLES အနေဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ကူညီဆောင်ရွက်နေမှုများအပေါ် အထူးကျေးဇူး တင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ အများဆုံးစေလွှတ်လျက် ရှိသည့် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံ (၆)နိုင်ငံမှ အလုပ်သမားသံအရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Grand Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Aou-Boom...

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်အတွက် နှစ်ပေါင်း (၆၀)...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ တိုးလာဦးမယ်ဆိုရင် ဒေသတွင်းနဲ့အခြားနိုင်ငံတွေအတွက်ပါ ဆိုးဆိုးရွားရွားထိခို-က်နစ်နာစေပါလိမ့်မယ်" ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပိုင်ဆိုင်မှုများကို လေးစားထိန်းသိမ်းရန်လိုအပ်ကြောင်း ပါကစ္စတန်ကအလေးပေးပြောကြားခဲ့ပြီး ပဋိပက္ခများရပ်တန့်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအားလုံးက နိုင်ငံတကာဥပဒေ (အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) များကို လိုက်နာရမည်ဟုလည်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းမှုသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071