Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeNewsLocal Newsကိုရီယားရောက်မြန်မာလုပ်သားများ ငွေသားအစား ဘဏ်စာရင်းဖြင့်...

ကိုရီယားရောက်မြန်မာလုပ်သားများ ငွေသားအစား ဘဏ်စာရင်းဖြင့် ဝင်ငွေခွန်ပေးရမည်

ကိုရီယားရောက် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ရာတွင် ငွေသားအစား ဘဏ်စာရင်းဖြင့်သာ တိုက်ရိုက် ဝင်ငွေခွန်ပေးရမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

မေလ (၁၂) ရက်မှ စတင်ပြီး ဘဏ်‌ငွေစာရင်းဖြင့် တိုက်ရိုက်ဝင်ငွေခွန်ပေးဆောင်ခြင်းကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ပြီးကိုရီးယားနိုင်ငံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၁) ရက် ထက် နောက်မကျဘဲ ရောက်ရှိသူများအနေဖြင့် တစ်လလျှင် ကိုရီးယား ဝမ် (၃၂ ၀၀၀) နှုန်းဖြင့် (၁၈) လစာအတွက် ကိုရီးယား ဝမ် (၅၇၆ ၀၀၀)၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁) ရက်ထက် နောက်မကျဘဲ ရောက်ရှိသူ‌များအနေဖြင့် တစ်လလျှင် ကိုရီးယားဝမ် (၃၂,၀၀၀) နှုန်းနှင့် (၁၂) လစာအတွက် ကိုရီးယား ဝမ် (၃၈၄,၀၀၀) ထမ်းဆောင်ရမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁)ရက်ထက် နောက်မကျဘဲ ရောက်ရှိသူများသည် တစ်လလျှင် ကိုရီးယားဝမ် (၃၂ ၀၀၀) နှုန်းနှင့် (၆) လစာအတွက် ကိုရီးယားဝမ် (၁၉၂,၀၀၀) ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဝင်ငွေခွန်ထမ်းဆောင်ရန်အ တွက် သံရုံး၏ ဘဏ်စာရင်းသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ရေနံ နှင့် ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့်...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့ သစ်ပင်အများအပြားလဲကျ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ ကျေးရွာချင်းဆက်ကားလမ်း၊ ပွင့်ဖြူ-စလင်းသွားကားလမ်းမပေါ်တို့သို့ ကုက္ကိုပင်၊ ကု လားမန်ကျည်းပင်၊ ကင်ပွန်းခါးပင်၊ ထနောင်းပင်၊ ယူ ကလစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးပဲ့ကျခြင်းများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ‌မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာနေသူများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ်ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအားအမြဲမပြတ်စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071