Friday, May 15, 2026

ဂျပန် Knock Out ပြိုင်ပွဲတွင်...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out...

ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Korakuen Hall ၌ ယနေ့ မေလ (၁၅) ရက်တွင် ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲတွင်...

တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အာဆီယံဒေသတွင်းနိုင်ငံများ၏...

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ အီလက်ထရောနစ်စက်ရုံတွင် အလုပ်မရသေးသည့်...

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီ ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အေဂျင်စီကို ငွေပေးချေထားသော်လည်းအချိန်ကြာမြင့်သည်အထိ အလုပ်မရရှိသေးသည့် မြန်မာအလုပ်သမား (၁၅) ဦး၏အခက်အခဲကို အလုပ်သမားသံအရာရှိရုံးက ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း...
HomeNewsLocal Newsကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများ အောက်တိုဘာ...

ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများ အောက်တိုဘာ (၃၁) ရက် နောက်ဆုံးထား၍ မှတ်ပုံတင်လျှောက်ထားရန် လျှောက်လွှာခေါ်ယူထား

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားသော ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိက ကျောင်းများအနေဖြင့် ယခုအောက်တိုဘာလ (၃၁) ရက်နောက်ဆုံးထား လျှောက်ထားရန် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထားသည်။

ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းအသစ် တည်ထောင် ဖွင့်လှစ်လိုသူများနှင့် သက်တမ်းတိုး၊ သက်တမ်းကျန် ကျောင်းအဆင့်တိုး၊ တည်ထောင်သူပြောင်း၊ တည်နေရာပြောင်း၊ တည်နေရာတိုးချဲ့၊ ကျောင်းအမည်ပြောင်း စသဖြင့် လျှောက်ထားလိုသူများ အနေဖြင့် ကျောင်းမှတ်ပုံတင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှုးရုံးများမှ စိစစ်ကာ ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လျှောက်လွှာများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှုးရုံးများသို့ ယခုအောက်တိုဘာလ (၃၁) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေလတွင် ပုဂ္ဂလိကပညာရေး ဥပဒေကို အသစ်ပြဌာန်းထားပြီး ကိုယ်ပိုင်နှင့် ပုဂ္ဂလိက ကျောင်းများတွင် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုများ စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အဖြစ်အနည်းဆုံး (၆) လမှ (၂)နှစ်အထိသတ်မှတ်ထားပြီး ငွေဒဏ်အနေဖြင့် အနည်းဆုံးကျပ်သိန်း (၃၀) မှ အများဆုံးသိန်း (၅၀၀) အထိ သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်​​

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲ၌ သွား ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာကိုယ် စားပြု ရိုးရာဖိုက်တာ ‌ဒေါင်းမိုက်သွေးနှင့် စူပါရေချမ်းတို့ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ဝှေ့ကျော် စူပါရေချမ်းသည် ​၆၃ ကီလိုတန်းတွင် ထိုင်းနိုင်ငံသားဖိုက်တာ ကွန်နာပါနှင့် ရင်ဆိုင်ခဲ့ရာတွင် သတ် မှတ်သုံးချီအထိ အကြိတ်အနယ် ယှဉ် ပြိုင်ထိုးသတ်ခဲ့သော်လည်း သုံးချီအပြီးတွင် ဒိုင်များ၏ အဆုံးအဖြတ်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အလားတူ ၅၁...

ဂျပန် Knock Out ပြိုင်ပွဲတွင် စောဘဟိန်း အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရ

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Korakuen Hall ၌ ယနေ့ မေလ (၁၅) ရက်တွင် ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောဘဟိန်းသည် အိမ်ရှင်ဂျပန်ဖိုက်တာအား အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။​စောဘဟိန်းသည် (၆၃) ကီလိုတန်းတွင် ဂျပန်ဖိုက်တာ ရှီဂျီမူရီ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး၊ အပြန်အလှန် ထိုးသတ်မှုများအပြီး တတိယအချီတွင် အ လဲထိုး (KO) ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။​မနေ့ကပြုလုပ်ခဲ့သော ဆေးစစ်ဝိတ်ချိန်ခြင်းတွင် မြန်မာဖိုက်တာများဖြစ်ကြသည့် စူပါရေချမ်း၊ စောဘဟိန်း နှင့် ဒေါင်းမိုက်သွေးတို့...

တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA သတိပေး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post-Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံများတွင် တွေ့ရှိထားသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၃) မျိုးသည် FDA ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း ထုတ်ပြန်ထားသည်။ ထိုအလှကုန်ပစ္စည်းများတွင် ပါဝင်သည့် တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ပေါ်ခြင်းတို့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071