Saturday, February 14, 2026

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား...
HomeArticlesကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတာလား

ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတာလား

တော်တော် ဦးနှောက်ခြောက် စရာ ကောင်းသော အလုပ်ဖြစ်၏။

ရုပ်ရှင်ကားပေါင်းများစွာကို လနှင့်ချီ၍ ကြည့်ပြီးနောက် အကဲ ဖြတ်အဖွဲ့ဝင်များက အမှတ်ပေးကြ ၏။ ကိုယ့်ပညာရပ်မို့ ၁ဝ မှတ်ပေး ခွင့်ရ၏။ အဖွဲ့ခေါင်းဆောင်ဖြစ်၍ ၅ မှတ်ပေးခွင့်ရ၏။ သာမန် (ကိုယ့် ပညာရပ် မဟုတ်သည့်) အကဲဖြတ် အဖွဲ့ဝင်ဖြစ်၍ ၃ မှတ်ပေးခွင့်ရ၏။ ပေးခွင့်ရသော အမှတ်များဖြင့် ၎င်း တို့ ဆန္ဒမဲပေးထားသူများကို ခွဲခြမ်း ပြီး အမျိုးတူ အမှတ်စုရ၏။ ပြီးတော့ ပေါင်းရ၏။ အမှတ်အများဆုံးရသူကို ထူးချွန်ဆုပေးရန် အမှတ်စာရင်း ထုတ်ရလေသည်။

အမှတ်များ စစ်ဆေးခြင်း၊ ပေါင်းရခြင်း၊ အများဆုံးရသူကို ထူး ချွန်ဆုပေးရန် သတ်မှတ်ရခြင်းအလုပ် များကို လုပ်ရန် အကဲဖြတ်အဖွဲ့ဝင် ၄ဝ ကျော်မှ သုံးဦးကိုသာ ရွေးချယ်ရ လေသည်။ အဘယ့်ကြောင့် ၃ ဦးသာ ရွေးရပါသနည်းဟူမူ သတင်းပေါက် ကြားမှုကို ထိန်းချုပ်ထားနိုင်ရန် ဖြစ် လေသည်။ ဥက္ကဋ္ဌ၊ နာယကတစ်ဦး နှင့် အဖွဲ့ခေါင်းဆောင်တစ်ဦး၊ အား လုံးသုံးဦးသာ ရွေးချယ်ရန် စည်းမျဉ်း စည်းကမ်းစာအုပ်က ညွှန်းထားလေ သည်။

မောင်ကျောက်ခဲသည် အများ ဆန္ဒဖြင့် ဥက္ကဋ္ဌဖြစ်လာပြီမို့ သူနှင့် အလုပ်အတူလုပ်ရမည့် အဖွဲ့ဝင်နှစ် ဦး (နာယက (၁)၊ အဖွဲ့ခေါင်းဆောင် (၁)) ရွေးချယ်ရာတွင် မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ပြုရန် အကဲဖြတ်အဖွဲ့ကို တောင်းဆိုရာ အဖွဲ့ဝင်များက ခွင့်ပြု ခဲ့လေသည်။ ထို့ကြောင့် မောင် ကျောက်ခဲသည် သူနှင့်အထူးလျှို့ဝှက် အိတ်ဖွင့် အဖွဲ့ဝင်အဖြစ် နာယက ဦး နှင်းမိုးကို ပထမဆုံးရွေးလိုက်သည်။ ဦးနှင်းမိုးသည် အကဲဖြတ်ဥက္ကဋ္ဌအဖြစ် အကြိမ်များစွာလုပ်ဆောင်ခဲ့ဖူးပြီး အတွေ့အကြုံကောင်းစွာ ရှိသူဖြစ် သည့်ပြင် အချိန်ပေး၍ အလုပ်လုပ် နိုင်သူဖြစ်၏။ နောက်တစ်ယောက်ကို ရွေးသည့်အခါ သမန်းကျားကိုမြင့်ကို မောင်ကျောက်ခဲသဘောကျသည်။ သရုပ်ဆောင်လည်း လုပ်ဖူးသည်။ သီ ချင်းရေး၊ သီချင်းဆို၊ တည်းဖြတ်၊ အသံဒီဇိုင်းစသည့် စသည့် ရုပ်ရှင် အလုပ်များကို စုံနေအောင် လုပ်ခဲ့ဖူး သည်။ ထို့အပြင် ယခုအကဲဖြတ်ခဲ့ သည့် ရုပ်ရှင် ၈၃ ကားကို ကြည့်ရှုရာ ၌ အားလုံးလိုလို မပျက်မကွက် ကြည့် နိုင်ခဲ့သူဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။ ထို့ကြောင့် အနေအေးပြီး စကားကို ဖွာလန်ကျဲအောင် မပြော တတ်သော သမန်းကျားကိုမြင့်ကို အဖွဲ့ဝင်အဖြစ် ရွေးလိုက်သည်။

အကဲဖြတ်အဖွဲ့ဝင်တို့ ပေးထား သော အမှတ်များ မှန် မမှန် အထက် ပါ သုံးဦးအဖွဲ့က စစ်ဆေးပြီး မှန် သောအခါ အမှတ်တွေကိုပေါင်း၊ နောက်ဆုံး ထူးချွန်ဆုရှင်ကို (မိမိ ပယောဂမပါဘဲ) ရွေးချယ်နိုင်ခဲ့ကြ သည်။ အလုပ်က မပြီးသေး၊ ထူးချွန် ဆုရှင်များ၏ သရုပ်ဆောင်ချက်များ ကို ထုတ်နှုတ်ရေးသားရန်နှင့် ထုတ် နှုတ်ပြသရန် ကျန်သေးသည်။ ထုတ် နှုတ်ရေးသားရန် အခက်အခဲမရှိသော် လည်း ထုတ်နှုတ်ပြသရန်က အခက် အခဲဖြစ်လာသည်။ အဘယ့်ကြောင့် ဆိုသော် ¤င်းဆုရသူ၏ သရုပ်ဆောင် ကောင်းကွက်များကို ¤င်းဇာတ်ကား ထဲမှ ထုတ်ယူပြီဆိုကတည်းက သတင်းက ပေါက်ကြားပေရော့မည်။ ထို့ကြောင့် ဆုရသူ၏ အကွက်များ ကို သာမက ဆုရနိုင်သူ အခြားသရုပ် ဆောင် ၃ ဦး၏ သရုပ်ဆောင်ကွက် များကိုလည်း ထုတ်နှုတ်ယူနိုင်လျှင် သတင်းကို အတိအကျသိနိုင်ကြမည် မဟုတ်ချေ။ လေးယောက်စလုံးကို ထုတ်နှုတ်ပြသဖို့ မဆိုထားဘိ။ တ ကယ်ဆုရမည့် သူ၏ ကောင်းကွက် ထုတ်နှုတ်ရန်ပင် ခက်နေပြီ။
အခက်ကတော့ အခက်ခဲဆုံးက ဆုရသူ၏ ကောင်းကွက်များကို ထုတ် နှုတ်ရန်၊ ကားထုတ်ပိုင်ရှင်က ကား ထုတ်ကို အပြည့်ပေးမထား။ ဟိုနား တစ်ကွက် ဒီနားတစ်ကွက်သာ ပေး ထားသောကြောင့် ကိုယ်ပြချင်သည့် အရုပ်ကို ပြ၍မရ၊ အရုပ်တောင်းလျှင် လည်း သတင်းက ပေါက်ကြားတော့ မည်။

ဗေလုဝအကယ်ဒမီရသောနှစ် က ထိုအဖြစ်မျိုး ကြုံရသည်။ ကုမ္ပဏီ ပိုင်ရှင်က ပေးလိုက်သော အရုပ်များ ထဲတွင် ဗေလုဝသရုပ်ဆောင်ကောင်း သော အကွက်ပြသနိုင်လောက်သည့် ပြကွက်များပါမလာ၊ သတင်းမပေါက် ကြားချင်သောကြောင့် အဖြစ်မျှသာ ပြလိုက်ရသည်ဟု ဆိုလေသည်။

ယခုလည်း ထိုနည်းတူစွာ ဖြစ် လာချေပြီ။ ပိုင်ရှင်ကလည်း သူ၏ ကားထုတ်တစ်ထုပ်လုံး ပေးမထား၊ ဒီ ဘက်ကလည်း ဇွတ်အတင်းမတောင်း ရဲ၊ ပေါက်ကြားမှာလည်း စိုးရသလို၊ သူတို့ ကားထုပ် တရားမဝင် ခိုးကူး ခွေလို ဖြစ်သွားလျှင် ကိုယ်တရားခံ ဖြစ်တော့မည်၊ အလွန်ခေါင်းကိုက် စရာကောင်း၏။
ထို့ကြောင့် မောင်ကျောက်ခဲနှင့် မောင်နှင်းမိုးတို့ ထိုကိစ္စကို ခေါင်း ချင်းဆိုင် တိုင်ပင်နေခိုက်၊ အခန်း တွင်းသို့ မင်းသားကြီး ကိုအောင်လွင် ဝင်လာလေသည်။

“ရှိသလောက် ရသလောက် အရုပ်နဲ့ပဲ ကြံဖန်ပြကြတာပေါ့ဗျာ”ဟု အဆုံးသတ်စကားပြောလိုက်ပြီး ဝင် လာသော ကိုအောင်လွင်ကို ကြည့် လိုက်ကြသည်။ ကိုအောင်လွင်က ပြုံး တုံ့တုံ့လုပ်၍ စကားတစ်ခွန်းပြော လိုက်သည်။
“ခင်ဗျားတို့က ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေကြတာလား”ဟူ ၍ ဖြစ်၏။

ပထမတော့ မောင်ကျောက်ခဲ တို့ နှစ်ဦးသား ကြောင်တောင်တောင် ဖြစ်သွားပြီး တစ်ယောက်ကို တစ် ယောက်ကြည့်လိုက်မိကြ၏။ မောင် ကျောက်ခဲ၏ စိတ်ထဲတွင် “အတ္တ ကျောင်းသား”ဆိုသော တေးသီချင်း သံလေးကို ကြားယောင်လာသည်၊ ဘာတဲ့ …။

“ငါမဟုတ်တဲ့ ငါ ရုပ်တွေနဲ့ ငါ မမှန်တဲ့ ငါ မာန်များကင်းစေ .. ငါ မဟုတ်တဲ့ ငါရုပ်တွေနဲ့ ငါ လုပ်ချင် ကြပေ .. ငါမမှန်တဲ့ ငါမာန်များ ဖုံးပိတ်မှောင်ကာနေ ..ငါနဲ့ ငါသာ နှိုင်းရာတုကင်း ..ကြင်နာခြင်းတွေ .စာနာခြင်းတွေ ..ညှာတာခြင်း တွေ ..လူ့နှလုံးသားနဲ့ ကင်းဝေးနေ ပြန်ပါပြီလေ …”

လူတွေသည် အနတ္တသဘော ကို မသိ၊ အနိစ္စသဘောကို မတွေး၊ အမြဲမဟုတ်သည်ကို အမြဲထင်နေကြ ၏။ ငါ နှင့် ငါ သာ . ငါသာ အမြတ် ဆုံး၊ ငါသာ အတော်ဆုံး၊ ငါသာ အ ရေးကြီးဆုံးဟု ထင်နေကြသူ တော် တော်များများ တွေ့ရ၏။ “ဘယ်သူ တွေပဲဖြစ်ဖြစ် နောက်ဆုံးတစ်နေ့ကျ ရင် ဘာမှမဟုတ်ဘူး”ဆိုတာကို မည် သူမျှ တွေးလေ့မရှိ၊ ယခု ကိုအောင် လွင်ကြီးက ပြောပြီ။

“ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်နေတာလား”တဲ့။ မောင်ကျောက် ခဲရော မောင်နှင်းမိုးပါ တဝါးဝါး ရယ် လိုက်မိသည်။ သူပြောမှ ကိုယ့်ဟာ ကိုယ် အဟုတ်ကြီးထင်တာ ကိုယ်သာ အရေးကြီးဆုံး ကိုယ့်အလုပ်သာ အ ကြီးကျယ်ဆုံးဟု ထင်နေသော စိတ်ကို ပြန်မြင်လိုက်ကြရသည်။

လူတွေ အားလုံးသည် “ကိုယ့် ကိုယ်ကို အဟုတ်ကြီးထင်နေသည်” ကို မောင်ကျောက်ခဲတို့ အမြဲတွေ့နေ ကြသည်။ မည်သည့်ဌာန၊ မည်သည့် နေရာ၊ မည်သည့်လောကမှာပဲ ကြည့် ကြည့် ကိုယ့်ကိုယ့်ကို အဟုတ်ကြီး ထင်နေသူတွေ ပေါများလှသည်။ ကို အောင်လွင် ပြောလိုက်သည့်စကား က နားထဲတွင် ပဲ့တင်ထပ်နေသော ကြောင့် အိမ်အပြန်လမ်းပေါ်မှာပဲ ကြည့်ကြည့်၊ ရုပ်မြင်သံကြားဖန်သား ပြင်တွေပေါ်မှာပဲ ကြည့်ကြည့် “ကိုယ့် ကိုယ်ကို အဟုတ်ကြီးထင်နေသူများ” ကို ဘွားခနဲ ဘွားခနဲ တွေ့လာရ သည်။ မောင်ကျောက်ခဲပြုံးနေမိ သည်။

“ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင် နေသူများထဲတွင် မပါအောင်တော့ ကြိုးစားပြီး နေဦးမှပါလေ ..”

ကြည်စိုးထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071