ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ “မင်္ဂလာခုတင်” ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ကိုယ်ပိုင်ထုတ်လုပ်ရေးက ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားက ဝင်ငွေအရ အရှုံးပေါ် သွားတဲ့အတွက် နောက်ထပ်ထုတ်လုပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေ အတွက် စဉ်းစားနေရပါတယ်လို့လည်း သရုပ်ဆောင် ခင် ဇာခြည်ကျော်က ပြောပါတယ်။
“ကိုယ်ထုတ်လုပ်ရိုက်ကူးလိုက်တဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကားကရှုံးသွားတယ်။ အဲဒီတော့ နောက်ထပ်ရိုက် ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေအတွက် စဉ်းစားရပြီပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ကသရုပ်ဆောင်အလုပ်ကိုသာ Professional လုပ်တာလေ။ ထုတ်လုပ်ရေးပိုင်းကိုကျ တော့ ကိုယ်ကဇာတ်ကားတစ်ကား အောင်မြင်မှ နောက် ထပ်တစ်ကားရိုက်ကူးနိုင်မှာလေ။ ဘာလို့လဲဆိုတော့ ဝါသနာအရသာထုတ်လုပ်ရိုက်ကူးတာ။ အမြတ်ကလေး ရချင်လို့သာထုတ်ကြတာလေ။ ဒါပေမဲ့ ကိုယ်ပထမဆုံးထုတ် လုပ်လိုက်တဲ့ဇာတ်ကားက အရှုံးပေါ်သွားတဲ့အတွက် နောက်ထပ်ရိုက်ကူးဖို့စီစဉ်ထားတဲ့ဇာတ်ကားတွေ တန့် သွားရတာပေါ့။ ကိုယ်ပိုင်ထုတ်လုပ်ရေးက ၂ဝ၁၈ ခုနှစ်ထဲမှာတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့မရှိသေးပါဘူး။ အစ်မက တခြားထုတ်လုပ်ရေးက ဇာတ်ကားတွေလည်း ရိုက် ကူးနေရတော့ ကိုယ်တိုင်မအားတာလည်းပါတယ်။ အမေ့ ကျန်းမာရေးကြောင့်လည်းပါတယ်”လို့ သရုပ်ဆောင်ခင်ဇာ ခြည်ကျော်က ပြောပြခဲ့ပါတယ်။
သတင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်