Thursday, December 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ်...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ...

တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် အီကေဘားနား နိုင်ငံတကာပြပွဲနှင့်...

အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချခဲ့ပြီး ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း...
HomeInterviewsကိုယ်ပိုင်အတွေးအမြင်နဲ့ လူငယ်တို့ထုဆစ်ပုံဖော်ချင်တဲ့ ကိုယ်ပိုင်အနာဂတ်တိုင်းပြည်

ကိုယ်ပိုင်အတွေးအမြင်နဲ့ လူငယ်တို့ထုဆစ်ပုံဖော်ချင်တဲ့ ကိုယ်ပိုင်အနာဂတ်တိုင်းပြည်

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိသတ်များအတွက် အခုလူငယ် နောင်ဝယ် လူကြီးဆိုတဲ့စကားအတိုင်း နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ကျရာကဏ္ဍ အသီးသီးကနေဦးဆောင်ပါဝင်ကြမယ့် လူငယ်တွေရဲ့ သူတို့ဖြစ်စေချင်တဲ့ ကိုယ်ပိုင်အနာဂတ်နဲ့ တိုင်းပြည်ကို ဘယ်လိုဦးဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ရပါတယ်။

လင်း

ခုတိုင်းပြည်အခြေအနေက နာလန်ထစလူမမာတစ်ဦးလို မြင်ပါ တယ်။ နာတာရှည်ရောဂါတွေနဲ့ နာလန်ထစ သူတစ်ယောက်လို အား ယူနေချိန်ဖြစ်လို့ လူငယ်တွေရယ် လူကြီးတွေရယ်မဟုတ်ဘဲ တိုင်းပြည် အတွက် ကျရာကဏ္ဍကနေ ပါဝင်ဖို့ လိုပါတယ်။ လူငယ်တစ်ယောက် အ နေနဲ့ တိုင်းပြည်ကို အုပ်ချုပ်တယ်ဆို တာကတော့ သိပ်စိတ်ကူးယဉ်ဆန် နေပေမယ့် လူငယ်တွေမှာလည်း လူ ကြီးတွေနဲ့ မတူညီတဲ့ စိတ်ကူးစိတ် သန်းတွေနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်မယ်ထင်ပါတယ်။အခုချိန်မှာတော့ လူငယ်တစ်ယောက် အပါအဝင်လူငယ်တွေအားလုံး စာ များများဖတ်ကြဖို့ တိုက်တွန်းချင်ပါ တယ်။

အိငြိမ်း

မညာစတမ်းပြောရရင် အလွန် နေပျော်တဲ့နိုင်ငံမဟုတ်ဘူးလို့ မြင်မိ ပါတယ်။ ကိုယ့်အမိမြေမို့လို့ ချစ်ပေ မယ့်လည်း တခြားနိုင်ငံတွေကို လေ့ လာကြည့်ရင် ကိုယ့်နိုင်ငံမှာဘယ် ကဏ္ဍတွေ အားနည်းတယ် လိုအပ် တယ်ဆိုတာပေါ်လွင်တာပေါ့။ အဓိ ကကတော့ လုပ်သားတွေရဲ့ ကျွမ်း ကျင်မှုစကေးနဲ့လစာ အချိုးညီညီသွား ဖို့ လိုနေတယ် ထင်ပါတယ်။ ကုန်ဈေး နှုန်းကြီးတာ အစိုးရကြောင့်လို့ပဲ အပြစ်မမြင်ဘဲ ပြောင်းလဲနေတဲ့ခေတ် ကြီးမှာ ကိုယ်ရော ဘယ်လောက်တိုး တက်လာသလဲ ပြန်ဆန်းစစ်စေချင်ပါ တယ်။ လစာနဲ့ မလောက်ဘူးသာ လူ ငယ်တွေ ပြောနေကြတာ ကိုယ်တိုင် ကျတော့ Skill Labour ဖြစ်အောင် မကြိုးစားကြဘူးလေ။ ကိုယ့်ရဲ့လုပ် ငန်းခွင်မှာတောင် ကိုယ်က အောင် မြင်အောင် မလုပ်နိုင်သေးရင် တိုင်း ပြည်ကို ဘယ်လိုမှဦးဆောင်နိုင်မှာ မဟုတ်ဘူးထင်ပါတယ်။ တိုင်းပြည် ကို ပြောင်းလဲစေချင်တဲ့ ကဏ္ဍဆိုရင် တော့ သယံဇာတ တူးဖော်နေတဲ့ကဏ္ဍကို စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ် စေချင်ပါတယ်။

ချမ်းမော်

သူ့အိုးနဲ့သူ့ဆန်ဖြစ်နေတယ်လို့ မြင်ပါတယ်။ သိပ်တော့ နိုင်ငံရေးကို နားမလည်ပေမယ့် လူငယ်တစ် ယောက် အမြင်ကတော့ လူကြီးတွေ တချို့ကိစ္စတွေမှာ တွန့်ဆုတ်နေ သလားလို့ ထင်ပါတယ်။ ပြတ်ပြတ် သားသား လုပ်သင့်တဲ့အရေးတွေရှိ နေတယ်မြင်ပါတယ်။ ကိုယ်သာတိုင်း ပြည်အုပ်ချုပ်ခွင့်ရမယ်ဆိုရင် ငြိမ်း ချမ်းရေးထက် အပစ်အခတ်ရပ်စဲရေး ကို ရအောင် အမြန်ဆုံးလုပ်ချင်တယ်။အပစ်အခတ်ရပ်စဲရင် တိုင်းရင်းသား ဒေသတွေမှာ အေးချမ်းသွားပြီ။ နောက် တစ်ဆင့်က အလွယ်ပြောရ ရင် စစ်ပွဲဖြစ်တဲ့ဒေသတွေကို ဗိုက် ဝအောင် ကျွေးချင်တယ်။ စစ်တိုက် နေတာ မပြေလည်လို့ လက်နက်ကိုင် ဆန့်ကျင်တယ်လို့ မြင်ပါတယ်။ အဆင်ပြေနေရင် ကိုယ်လည်းနာ သူ လည်းနာမယ့် အလုပ်မျိုး ဘယ်သက် ရှိမှ မလုပ်ဘူးလို့ ထင်ပါတယ် ခင်ဗျ။

ဇွဲထက်အောင်

ပြီးပြည့်စုံတဲ့အခြေအနေမဟုတ် ပေမယ့် ပိုပြီးကောင်းမွန်တဲ့ နိုင်ငံ တစ်ခုဖြစ်လာမယ်လို့ မြင်ပါတယ်။လက်ရှိမှာတော့ လိုအပ်ချက်တွေ အများကြီးပေါ့။ဒီဟာတွေကို ပြင်ဆင် နိုင်ဖို့ လိုအပ်နေတယ်။ ကျွန်တော်တို့ လူငယ်တွေကတော့ အဓိကပညာသင် နေတဲ့ အချိန်တွေဆိုတော့ ပညာရေး နဲ့ပတ်သက်ပြီး အားရတာမရှိဘူး။ လက်ရှိပညာရေးစနစ်အရ ဘွဲ့တစ်ခု ရပြီး အလုပ်လုပ်နေရတာ တစ်ခု အတွက် တအားခက်ခဲနေတယ်။ ဘယ်လို နိုင်ငံမျိုးဖြစ်စေချင်လဲဆိုရင် တော့ အခုထက် ပိုကောင်းလာမယ် ဆိုရင်ကို ကျေနပ်ပါပြီ။ နောက်ထပ် မျိုးဆက်သစ်တွေကိုလည်း ပိုကောင်း တဲ့ ဘဝမျိုးနဲ့ပဲ နေစေချင်တယ်။ အုပ် ချုပ်သူတစ်ယောက် ဖြစ်လာရင် တော့ ပညာရေးစနစ်ကိုပဲ ပြောင်းလဲ ပစ်ချင်တယ်။ ဒါမှလည်း လက်တွေ့ ဘဝမှာ ကောင်းကောင်းကြီး နိုင်ငံ့ အကျိုးပြုနိုင်မယ့်သူတွေ ပေါ်လာ မယ်၊ နည်းပညာရှင်တွေ စာပေပညာ ရှင်တွေ ဒီလိုပညာရှင်တွေ များများ လိုအပ်နေတယ်။ တိုင်းပြည် အလျင် အမြန်တိုးတက်ဖို့ လိုအပ်နေပြီ။ သူ များကို မှီခိုပြီး နေထိုင်နေရတာတွေ က တိုင်းပြည်အတွက် အခက်အခဲ တွေဖြစ်နေတယ်လေ။ ကိုယ်ပိုင်အနာ ဂတ်ကတော့ ဖြစ်ချင်တာလုပ်ချင် တာတွေ များတုန်းပဲ။ လက်ရှိကတော့ ကိုယ်ဝါသနာပါတာကို လုပ်ဖို့အတွက် အခက်အခဲတွေဖြစ်နေတော့ ကိုယ် လုပ်ချင်တာထက်လုပ်သင့်တာကိုပဲ ရွေးချယ်ပြီး လုပ်ရတော့မှာပါ။ ဝါ သနာကတော့ အချိန်ပေးနိုင်တော့ မှပဲ လုပ်ဖြစ်တော့မှာပါ။ နောက် လူငယ်တွေ လက်ထက်မှာတော့ ဝါ သနာပါတဲ့အလုပ်ကိုလည်း လုပ်နိုင်ရ မယ်၊ ပညာရှင်အဆင့် ဖြစ်လာအောင် လည်း မွေးထုတ်ပေးဖို့ အကူအညီ တွေ လိုအပ်နေပြီ။အဲဒီအတွက် နိုင်ငံ တော်က ပိုပြီးအထောက်အပံ့ပေး နိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်လာပြီး ဘက်စုံကနေ တိုးတက်မှု တွေ အောင်မြင်မှုတွေ ရှိလာမှာပါ။ ဒီလိုပဲပိုကောင်းတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ် လာဖို့ပဲ စိတ်ကူးမိပါတယ်။

ကဗျာ

အလုပ်အခြေအနေကို မကြိုက် တာတော့ အမှန်ပါပဲ။ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေ တယ်။ နယ်စပ်မှာ ခိုးဝင်ပြဿနာ တွေနဲ့ မူးယစ်ဆေးပြဿနာက တ အားများနေတယ်။ ပြည်မမှာလည်း ရာသီဥတုဆိုးကျိုးတွေကို နှစ်တိုင်းခံ နေရတယ်။ ရန်ကုန်မှာလည်း ရေကြီး တာ တွေ၊ သွားလာရေးအဆင်မပြေ တာတွေက တအားများနေတယ်။ အစိုးရတစ်ရပ်က ဒါတွေကို အချိန် တစ်ခုယူပြီး ဖြေရှင်းရမှာဖြစ်လို့ အစိုးရကိုပဲ လက်ညှိုးမထိုးချင်ဘူး။ ကိုယ် တိုင်လည်း ပြည်သူတစ်ယောက် အနေနဲ့ ပါဝင်ဖို့လိုမယ်ထင်ပါတယ်။ ကိုယ်သာ တိုင်းပြည် ကို အုပ်ချုပ်သူ တစ်ဦးဖြစ်မယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ကျန်းမာရေးကဏ္ဍကို ဦးစားပေး ပြောင်းလဲချင်တယ်။ တစ်ငြိမ်းချမ်း ရေး၊ နှစ်ငြိမ်းချမ်းရေး၊ သုံးငြိမ်းချမ်း ရေးမရရအောင် လုပ်ချင်တယ်။ အိမ် တစ်အိမ်မှာတောင် ဆူပူရန်ဖြစ်နေ ရင် ဘာစီးပွားမှမဖြစ်နိုင်တာကိုတိုင်း ပြည်မှာ စစ်ပွဲတွေ ဖြစ်နေမှတော့ ဘာပဲလုပ်လုပ်အဆင်ပြေမှာမဟုတ် ပါဘူး။ လူငယ်တွေရဲ့ အယူအဆကို လူကြီးတွေက ငါတို့လောက်မှ အ တွေ့အကြုံမရှိဘူးဆိုပြီး လျစ်လျူမရှု သင့်သလို လူကြီးတွေ အကြံပေးတာ ကိုလည်း လူငယ်တွေက တလေးတ စားနားထောင်ပြီး တိုင်းပြည်ကောင်း ဖို့ လုပ်ကြစေချင်ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071