Monday, July 14, 2025

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...

အမေရိကန်သွင်းကုန်ကိုအခွန်ကင်းလွတ်ခွင့်ပို‌ပေးရန် ထိုင်းစဉ်းစားနေ         

ထိုင်းနိုင်ငံသည်အမေရိကန်သွင်းကုန်များကို ပိုမို အခွန်ကင်းလွတ်ခွင့်ပြုရန် စဉ်းစားနေသည်ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။       အစိုးရသည် အခွန်စည်းကြပ်မှုများ၏ သက်ရောက်မှုကို သက်သာလျော့ပါးစေရန် အတိုးနှုန်းသက်သာသည့် ချေးငွေများအတွက် ပြင်ဆင်နေသည်ဟုလည်း...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၄ ရက်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင်...

မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်း...

အာဆီယံ ယူ -၂၃ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်းသည် ယနေ့ ဇူလိုင် (၁၄)ရက် နံနက်ပိုင်းက...
HomeCelebrities' Newsကိုယ်တိုင် ခေါင်းဆောင်မင်းသားနေရာအဖြစ် ပါဝင်ရိုက်ကူးတဲ့အခါ...

ကိုယ်တိုင် ခေါင်းဆောင်မင်းသားနေရာအဖြစ် ပါဝင်ရိုက်ကူးတဲ့အခါ ပိုကြီးတာဝန်ကြီးပါတယ် ညီထွဋ်ခေါင်

 Nyi-Htut-Khaung

သရုပ်ဆောင် ညီထွဋ်ခေါင်က သူဝါသနာပါတဲ့အလုပ်နဲ့  ရပ်တည်ခွင့်ရပြီး ပရိသတ်က နေရာတစ်နေရာပေး ထားတဲ့အတွက် ဝမ်းသာကျေနပ်မိတယ်လို့  ဆိုပါတယ်။မကြာမီမှာလည်း ညီထွဋ်ခေါင်က မင်းသမီး ခိုင်သင်းကြည် အပါအဝင်မင်းသားလေးလက်နဲ့အတူ’ အဖွားပိန်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ခုလိုမင်း သားလေးလက်နဲ့အတူ ပါဝင်သရုပ်ဆောင်တဲ့အခါ ကိုယ့်ကာရိုက်တာအတွက်  ဘယ်လိုပြင်ဆင်ကြိုး စားရတာ  ရှိလဲဆိုတော့ ညီထွဋ်ခေါင်က…

“မင်းသားလေးလက်၊ မင်းသား သုံးလက်စသဖြင့်ပေါ့။ အဲဒီလိုဇာတ်လမ်းတွေမှာ ကိုယ့်ရဲ့ စီနီယာတွေလည်းပါဝင်တယ်ဆိုတဲ့အခါ ကျွန်တော့်စိတ်က ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ် လုပ်ရမယ့် ကာရိုက်တာလေးကို အကောင်းဆုံး သတိထားလိုက်တယ်။ ကိုယ့်ရှေ့က စီနီယာမင်းသား ကြီးတွေကတော့ ဒီဇာတ်ကားကိုဦးဆောင် သယ်သွားမှာပဲ ဆိုတဲ့ စိတ်ကလေးတော့ဖြစ်မိတယ်။ ကိုယ်ယူရမယ့် တာဝန်လေးကို အကောင်းဆုံးလုပ်တယ်။Teamwork  ကောင်းကောင်းလေးနဲ့ သွားကြတယ်ပေါ့။ ကိုယ်က ခေါင်းဆောင် မင်းသားနေရာက တစ်ယောက် တည်းသွားရတဲ့အခါမျိုးကျတော့ ဇာတ်ကားတစ် ကားလုံး ရဲ့တာဝန်ကကိုယ့်အပေါ်မှာကျရောက်သလို ခံစားရ တယ်။ အဲဒီအခါကျ အဘက်ဘက်က တွေးရတဲ့အခါ ပိုပြီးတော့ တာဝန်ကြီးပါတယ်။ကိုယ့်ရဲ့ စီနီယာတွေပါဝင်တဲ့ ဇာတ်ကားမျိုးဆိုရင်တော့ နည်းနည်းသက်သာတယ်။ ဒါကခိုတာမဟုတ်ပါဘူး။ကိုယ့်ကာရိုက်တာလေးကိုအကောင်း ဆုံးဖြစ်အောင်တည်ဆောက်ပြီး ကြိုးစားပါတယ်။ မလုပ်တတ်တဲ့၊ မသိတဲ့ ကိစ္စတွေကို စီနီယာအစ်ကိုတွေ၊ အစ်မတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်သွားတာပေါ့။ ကိုယ်က Mainstream အနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ်သွား တဲ့အခါမှာတော့ ကောင်းခြင်း၊ မကောင်းခြင်းက သူ့ဇာတ် ကားကောင်းတယ်၊ မကောင်းဘူးပဲ လာတာဆိုတော့ ပိုတော့တာဝန်ကြီးပါတယ်” လို့ ညီထွဋ်ခေါင်က ပြောပြ ခဲ့ပါတယ်။

ရဲရဲ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071