ကိုဗစ်(၁၉) ရောဂါပိုး တတိယလှိုင်း စတင်ဖြစ်ပွားလာပြီး ပြည်တွင်းမှာကူးစက်နှုန်း မြင့်တက်လာချိန်မှာ နှာခေါင်းစည်း mask ဈေးနှုန်းက နှစ်ဆကျော်မြင့်တက် သွားတယ်လို့ ဈေးကွက် အတွင်းကနေ သိရပါတယ်။
တစ်ခါသုံး နှာခေါင်းစည်း mask ငါးဆယ်ပါ တစ်ဘူးကို ကျပ်(၁၀၀၀)ဝန်းကျင်သာ ရှိခဲ့ရာက လတ်တလော မှာတော့ တစ်ဗူးကို ကျပ်(၂၀၀၀) ခန့်အထိ ပေးဝယ်နေရတယ်လို့ ဈေးကွက် အတွင်းမှာဝေဖန်နေကြပါတယ်။
နှာခေါင်းစည်း mask ရောင်းချသူ တွေအနေနဲ့ ဈေးပိုတင်ပြီ းမရောင်းကြဖို့ အစိုးရက ထုတ်ပြန်ထားပေမယ့် ဈေးကွက် အတွင်းမှာတော့ နှစ်ဆကျော်မြင့်တက် နေတာမျိုး တွေ့ရပါတယ်။
ကိုဗစ်တတိယလှိုင်း စတင်ချိန်ကစလို့ အစိုးရက mask အခုရေ ဆယ့်နှစ်သန်းကျော် ဖြန့်ဝေ ပေးထားတယ်လို့ ထုတ်ပြန်ထားခဲ့ပြီး ဆက်လက် ဖြန့်ဝေပေးဖို့လည်းစီစဉ်နေတယ်လို့ သိရပါတယ်။