Tuesday, August 4, 2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...
HomeNewsLocal Newsကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာသည့် ရန်ကုန်တွင်...

ကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာသည့် ရန်ကုန်တွင် ကုသရေးစင်တာများကြိုတင်ပြင်ဆင်

ကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာသည့် ရန်ကုန်တွင် ကုသရေးစင်တာများကြိုတင်ပြင်ဆင်

ရန်ကုန်မြို့ ရှိ အင်းစိန်မြို့နယ် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်၊ မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမနှင့် လှိုင်မြို့နယ် လှိုင်ကိုဗစ်- ၁၉ ကုသရေးစင်တာများကို လိုအပ်လာပါက အဆင် သင့် အသုံးပြုနိုင်ရေး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်လည်ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စီမံဆောင်ရွက်မှု ဖြင့် ဆောင်ရွက်သော အင်းစိန်မြို့နယ် သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် သံဃာတော်အပါး ၁၉၀ ကုသနိုင်ရေးအတွက် ကုသရေးစင်တာပြင်ဆင်ထားပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCC တွင် ကိုဗစ်ကူးစက်ခံရသူ ၄၃၀ အထိ ထားရှိ ကုသနိုင်ရေးနှင့် လှိုင် စင်တာတွင်လူဦးရေ ၆၀၀ ထားရှိကုသနိုင်ရေး စသည်တို့အား ပြင်ဆင်ထားသည်ဟု သိရှိရသည်။

ယင်းအပြင် MCC စင်တာတွင် တန် ၂၀ Liquid Oxygen Tank မှ တစ်ရက်လျှင် လီတာ ၄၀ ဆလင်ဒါအိုး ၁၀၀၀ ခန့် ထုတ်လုပ်နိုင်ရန် စီစဉ်ထားသည့်အပြင်၊ အောက်ဆီဂျင် အရည်ပါ လီတာ ၄၀ ဆလင်ဒါအိုးအသစ် ၂၄၀၀ကျော်ကိုလည်း စုဆောင်းထားသည်ဟု တိုင်းအစိုးရအဖွဲ့ထံကသိရသည်။

လှိုင်မြို့နယ်ရှိ လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင်လည်း အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ဖြင့် လီတာ ၄၀ ဆလင်ဒါအိုးများတွင် အောက်ဆီဂျင်ဖြည့်သွင်းထား ရှိပြီး တစ်ရက်လျှင် လီတာ ၄၀ ဆလင်ဒါအိုး ၁၂၀ ခန့် ထုတ်လုပ်နိုင်မှုအခြေအနေအထိ ပြင်ဆင်ထားသည်ဟု သိရသည်။

ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်းမှာပင် ကိုဗစ်ကူးစက်မှုအရှိန် ပြန်လည် မြင့်တက်လျှက်ရှိနေသည်။

Zaw Gyi

ကိုဗစ္ကူးစက္မႈ ျပန္လည္မ်ားျပားလာသည့္ ရန္ကုန္တြင္ ကုသေရးစင္တာမ်ားႀကိဳတင္ျပင္ဆင္

ရန္ကုန္ၿမိဳ႕ ရွိ အင္းစိန္ၿမိဳ႕နယ္ သီရိမဂၤလာ မဟာသာသနာ့ဗိမာန္ေတာ္၊ မရမ္းကုန္းၿမိဳ႕နယ္ ျမန္မာကြန္ဗင္းရွင္းစင္တာ MCC ခန္းမႏွင့္ လႈိင္ၿမိဳ႕နယ္ လႈိင္ကိုဗစ္- ၁၉ ကုသေရးစင္တာမ်ားကို လိုအပ္လာပါက အဆင္ သင့္ အသုံးျပဳႏိုင္ေရး ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ျပန္လည္ျပင္ဆင္ေဆာင္႐ြက္ေနသည္ဟု သိရသည္။

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၏ စီမံေဆာင္႐ြက္မႈ ျဖင့္ ေဆာင္႐ြက္ေသာ အင္းစိန္ၿမိဳ႕နယ္ သီရိမဂၤလာမဟာသာသနာ့ ဗိမာန္ေတာ္တြင္ သံဃာေတာ္အပါး ၁၉၀ ကုသႏိုင္ေရးအတြက္ ကုသေရးစင္တာျပင္ဆင္ထားၿပီး၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ အစီအစဥ္ျဖင့္ ေဆာင္႐ြက္ထားေသာ မရမ္းကုန္းၿမိဳ႕နယ္ ျမန္မာကြန္ဗင္းရွင္းစင္တာ MCC တြင္ ကိုဗစ္ကူးစက္ခံရသူ ၄၃၀ အထိ ထားရွိ ကုသႏိုင္ေရးႏွင့္ လႈိင္ စင္တာတြင္လူဦးေရ ၆၀၀ ထားရွိကုသႏိုင္ေရး စသည္တို႔အား ျပင္ဆင္ထားသည္ဟု သိရွိရသည္။

ယင္းအျပင္ MCC စင္တာတြင္ တန္ ၂၀ Liquid Oxygen Tank မွ တစ္ရက္လွ်င္ လီတာ ၄၀ ဆလင္ဒါအိုး ၁၀၀၀ ခန႔္ ထုတ္လုပ္ႏိုင္ရန္ စီစဥ္ထားသည့္အျပင္၊ ေအာက္ဆီဂ်င္ အရည္ပါ လီတာ ၄၀ ဆလင္ဒါအိုးအသစ္ ၂၄၀၀ေက်ာ္ကိုလည္း စုေဆာင္းထားသည္ဟု တိုင္းအစိုးရအဖြဲ႕ထံကသိရသည္။

လႈိင္ၿမိဳ႕နယ္ရွိ လႈိင္ ကိုဗစ္-၁၉ ကုသေရးစင္တာတြင္လည္း ေအာက္ဆီဂ်င္ထုတ္လုပ္သည့္စက္ျဖင့္ လီတာ ၄၀ ဆလင္ဒါအိုးမ်ားတြင္ ေအာက္ဆီဂ်င္ျဖည့္သြင္းထား ရွိၿပီး တစ္ရက္လွ်င္ လီတာ ၄၀ ဆလင္ဒါအိုး ၁၂၀ ခန႔္ ထုတ္လုပ္ႏိုင္မႈအေျခအေနအထိ ျပင္ဆင္ထားသည္ဟု သိရသည္။

ရန္ကုန္တြင္ ယခုရက္ပိုင္းအတြင္းမွာပင္ ကိုဗစ္ကူးစက္မႈအရွိန္ ျပန္လည္ ျမင့္တက္လွ်က္ရွိေနသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071