မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ကာကွယ်ဆေးတွေကို ဇူလိုင်လ နောက်ဆုံးပတ် ကစပြီး ဦးစားပေး အုပ်စု အလိုက် ထိုးနှံပေးခဲ့တာမှာ ဩဂုတ်လ ၂၄ ရက်နေ့ထိ စာရင်းတွေအရ ကာကွယ်ဆေးထိုးနှံပြီးသူ ၄သန်းခွဲကျော် ရှိတယ်လို့ ကျန်းမာရေးဝန် ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံရာမှာ အကြိမ်ပြည့်ထိုးနှံဖို လိုအပ်ပါတယ်။ ပထမအကြိမ် ထိုးနှံချိန်မှာ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားတွေ တက်လာ ပေမယ့်လည်း အရေအတွက် များများ နဲ့အချိန် ကြာကြာမရှိဘဲ အမြန်ကုန်ဆုံးသွားနိုင်တာကြောင့် သတ်မှတ်ချက် အတိုင်း ၂ကြိမ် ထိုးနှံသင့်တယ်လို ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ကိုဗစ်၁၉ ပထမအကြိမ် ထိုးနှံပြီးသူတွေဟာ အကြောင်း အမျိုးမျိုးကြောင့် ရောဂါကူးစက်ခံရပါက ရောဂါပိုး ကူးစက်ဝင်ရောက်ခံရတဲ့နေ့ ကစပြီး ၂၈ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အချို့မှာ သာမန်လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ချောင်းဆိုးတာနဲ့ အနံ့အရသာပျောက်တာတွေ စတဲ့လက္ခဏာတွေပြတယ်လို့ သိရပါတယ်။
ကာကွယ်ဆေးထိုးပြီးချိန် ကစပြီး ကိုယ်ခံအားထွက်ဖို့ဟာ ၂ပတ်ခန့်ကြာမြင့်တဲ့ အတွက် ဆေးအာနိသင်အပြည့်အဝ မရရှိသေးခင်ကာလမှာ ရောဂါပိုးနဲ့ထိတွေ့မိပါက ရောဂါကူးစက်ခံရနိုင်တယ်လို့လည်း သိရပါတယ်။
ပထမအကြိမ် ကာကွယ်ဆေးထိုး အပြီး ဒုတိယအကြိမ် မထိုးခင် စပ်ကြားမှာလည်း ရောဂါပိုးနဲ့ ထိတွေ့မှုရှိပါကလည်း ကူးစက်ခံ ရနိုင်ပါတယ်။
ကာကွယ်ဆေးထိုးပြီးသူတွေ အနေနဲ့လည်း လူစုလူဝေးနေရာတွေ သွားပါက ထုတ်ပြန်ထားတဲ့ ကိုဗစ်၁၉ကာကွယ်ရေး စည်းကမ်းတွေ အတိုင်း လိုက်နာဖို့လိုအပ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောထားပါတယ်။