Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeCelebrities' Newsကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စဉ်းစားနေတဲ့ ၀ိုင်းစုခိုင်သိန်း

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စဉ်းစားနေတဲ့ ၀ိုင်းစုခိုင်သိန်း

အဆိုတော် ဝိုင်းစုခိုင်သိန်းက ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကျ ရောက်မယ့် သူမရဲ့မွေးနေ့ အမှတ်တရအဖြစ် တစ်ကိုယ်တော် ဖျော်ဖြေ ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အောင်လကလည်း ဝိုင်းစုခိုင်သိန်းကို ပါဝင်အားဖြည့်တဲ့ အနေနဲ့ဖျော်ဖြေပွဲမှာပါဝင်သီဆိုဖျော်ဖြေသွားဦးမှာဖြစ်ပါ တယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ဝိုင်းစုခိုင်သိန်းရဲ့ ထူးထူးခြားခြား ပြင်ဆင်မှု တွေကတော့ …

ဒအခုအချိန်မှာဝိုင်းစုပွဲအတွက်သီဆိုဖို့သီချင်းတွေရွေးနေပါပြီ။ အကတွေ၊ Performance ပိုင်း ထပ်ဖြည့်ဖို့ လိုပါသေးတယ်။ ဝိုင်းစုက One Lady Show ဆိုရင် တ အား အားထည့်ပြီး ပြင်ဆင်တာ ပရိသတ်တွေသိပါတယ်။ ဒီတစ် ခေါက်လည်း ဝိုင်းစုအများကြီး အားထည့်ပြီး ကြိုးစားနေပါတယ်။ Birthday Show လည်းဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့ ကိတ်ခွဲမယ်။ တခြားပရိုဂရမ်လေးတွေလည်းထည့်ထားတယ်။ ကိုအောင်လက လည်း ဘယ်အရာမဆို ဝိုင်းစုကိုကူညီပါတယ်။ ဒီပွဲမှာလည်း သူနဲ့စုံတွဲ သီဆိုဖို့များတယ်။ တခြားသီချင်းတွေလည်း Arrengement ပြောင်းဖို့ကို သူက ကူညီပေးတယ်။ ကိုအောင်လနဲ့လည်း ဆိုဖြစ်ရင် စုံတွဲတစ်ပုဒ်ဆိုမှာပါ။ ဝိုင်းစုကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်လည်း အခမ်းအနားဆုံးဖြစ် အောင်တင် ဆက်မှာပါ” လို့ ဝိုင်းစုခိုင်သိန်းက ပြောပြပါတယ်။

ဝိုင်းစုခိုင်သိန်းက လတ်တလောမှာတော့ မိခင်ဖြစ်သူရဲ့ အမည် နဲ့ ” May Collection”အမှတ်တံဆိပ် T – Shirt များကို ထုတ်လုပ်လျက် ရှိပါတယ်။ ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့ ဝိုင်းစု ခိုင် သိန်းရဲ့ Bussiness Plan ကတော့…

“အစကတော့ ဝိုင်းစု ကိုယ်တိုင် စီပွားရေး လုပ်မလို့ပါပဲ။ ဒီဘက်က ဝိုင်းစုရဲ့ အလုပ်လေးတွေနဲ့ မပြတ် သေးတာကြောင့်ပါ။ ဒါကြောင့် အမေကြီးရဲ့ ” May Collection” ဆိုတဲ့နာမည်နဲ့ပွှဲ T-shirt ဒီဇိုင်းလေး တွေ ထုတ်ဖြစ်တယ်။ တခြား ပစ္စည်းလေးတွေ ထုတ်ဖို့လည်း ကြိုးစားနေ ပါတယ်။ ဝိုင်းစုကိုယ်တိုင်လည်း စီးပွား ရေးလုပ်ဖို့ စဉ်းစားထားတာ တွေ အများကြီးပါပဲ။ အကောင်း အထည် ဖော်ဖြစ်ဖို့တော့ နောက်ထပ် ၂ နှစ်လောက် လိုပါဦးမယ်။ အစက လည်း T-Shirt ရယ် မဟုတ်ဘဲ ဝိုင်းစုရဲ့ ကိုယ်ပိုင် Brand တစ်ခုအနေနဲ့ ထုတ်ဖို့ လုပ်ထားတာပါ။ ဝိုင်းစု ကိုယ်တိုင် မလုပ်ဖြစ်သေးတာကြောင့် အမေကြီးအနေနဲ့ပဲလုပ်ဖြစ်ခဲ့တာပါ။T-Shirt ဒီဇိုင်း တွေက လောလောဆယ်တော့ အဆက်မပြတ်ထုတ်နေပါတယ်” လို့ ဝိုင်းစုခိုင်းက ပြောပြပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071