ထိုင်းနိုင်ငံ၊ လရောင်းခရိုင်ရှိ ကားအပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ခုမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးချိုးဖေ-ာက်ခံရမှုများရှိကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
အဆိုပါစက်ရုံမှ အလုပ်သမားများ၏လစာများ အကြောင်းပြချက်မရှိဘဲ ဖြတ်တေ-ာက်ခံရခြင်း၊ လုပ်ငန်းခွင်အတွင်း စက်ချို့ယွင်းမှုကြောင့် ညာဘက်လက်ခလယ်ထိခိုက်မိပြီး လက်နှစ်ဆစ်ပြတ်တေ-ာက်ခြင်းအတွက် ဆုံးရှုံးမှုဆိုင်ရာ ရပိုင်ခွင့်များနှင့် လူမှုဖူလုံရေးအာမခံငွေထည့်ဝင်ပြီး အသုံးပြုမရခြင်းစသည့် အလုပ်သမားအခွင့်ရေးချိုးဖေ-ာက်ခံရမှုများရှိကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာ ၁၅ ရက်တွင် အလုပ်သမားသံအရာရှိနှင့်အဖွဲ့မှ နယ်မြေခံအလုပ်အကိုင်ဦးစီးဌာနနှင့်ပူးပေါင်း၍ အဆိုပါစက်ရုံသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖေ-ာက်ခံရပါကအလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေး အကူအညီတောင်းခံတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
