ငြိမ်းချမ်းရေးဆိုသည့် အရာသည် ပြည်သူတိုင်းမျှော်လင့်ကြသည့် အရာဖြစ်သည်။ မြန်မာပြည်အတွက် ငြိမ်းချမ်းရေးကား လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ အပေါ် တွင် များစွာအခြေ တည်နေသည် ပင်။ ပြည်သူ့ ဆန္ဒနှင့် ခေတ် အခြေအနေကို ထင်ဟပ်နေသည့် ပုံရိပ် ရှင်များဖြစ်သည့် ကာတွန်း ဆရာများကတော့ ၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုသည့် ကာတွန်းပြပွဲကြီး ကို သြဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ လူစည်ကား ရာ နေရာတစ်ခြု ဖစ်သည့် မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ကာတွန်းဆရာတစ်ရာကျော်၏ ကာတွန်းလက်ရာ များဖြင့် ပြုလုပ်ခဲ့ သည်။ ယင်းပွဲတွင် ပါဝင် ပြသခဲ့ကြသည့် ကာတွန်း ဆရာအချို့၏ ၂၁ ရာစု ပင်လုံညီလာခံအပေါ် မျှော်လင့်ချက်ကား မည်သို့ရှိသည်ကိုလည်း မေးမြန်း ဖော်ပြပေးလိုက်ပါသည်။
ကာတွန်းငွေကြည်
၂၁ ရာစုပင်လုံညီလာခံ ၊ ဒါကို အများကြီး မျှော်လင့်တယ်။ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် နဲ့ နိုင်ငံတော်အစိုးရ အဖွဲ့ ဆိုတာ ဆရာတို့ ပြည်သူလူထု အားလုံးက တစ်ခဲနက် ထောက်ခံပြီး ရွေးချယ်ခဲ့တာလေ ။ အဲ့ဒီ တော့ တိုင်းပြည်အတွက် အရေး တကြီး လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိ ရေးကို ၂၁ရာစုပင်လုံညီလာခံ အစည်းအဝေး ကျင်းပပြီးေ တာ့ ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် ဆရာတို့ အများကြီး မျှော်လင့် တယ် ။ ဒီပွဲမှာဆိုရင် ဆရာနှစ်ကား ဆွဲထားတာပါတယ်။ ရည်ရွယ်ချက် ကတော့ ဆရာေ ရးထား တဲ့ ကား တစ်ကားမှာ ဘာရေးထားလဲဆို တော့ ဆွေးနွေးညှိနှိုင်း ပြီးအရယူပါ ၊ ငြိမ်းချမ်းရေးကို မစွန့်ပစ်ကြပါနဲ့ ဆိုတဲ့ခေါင်းစည်းနဲ့ လက်တွေကနေ ငြိမ်းချမ်းရေးငှက် ကို လှမ်းကြို ဆို နေတဲ့ပုံဆွဲထားတယ်။ အဓိကက ဒီ၂၁ရာစုပင်လုံ ညီလာခံကြီးမှာ အဲ့ဒီလိုငြိမ်းချမ်းရေးကို အရယူဖို့ တိုက်တွန်းတဲ့ ဆန္ဒပြုတဲ့ ကာတွန်း ပါ။
ဒီညီလာခံကို ဆရာတို့ကတော့ အကောင်းဘက် ကိုပဲ မျှော်ပါတယ်။ အောင်မြင်မှု ရဖို့ကို မျှော်လင့်ပါတယ်။ စောစောကပြော သလိုပဲ ပြည်သူလူထု တစ်ခဲနက် ထောက်ခံထား တဲ့ အစိုးရဖြစ်တဲ့ အတွက် ဒီလို အစိုးရ လက်ထက် မှာ ဒီလိုဆွေးနွေး ညှိနှိုင်းမှုတွေကို လမ်းဖွင့်ပေးပြီး တော့ ရယူနိုင်မယ့် အခြေအနေ ကောင်းက ဒီလိုအခြေအနေပဲရှိ တယ်။ ဒီအ စိုး ရရဲ့ ဆန္ဒကလည်း ပြည်သူ့ ဆန္ဒလို့ပြောလို့ ရပါတယ် ။ အဲ့ဒါကြောင့်မို့ ဒီခေတ်ဒီအချိန်ခါ မှာ ငြိမ်းချမ်းရေးကို အရယူစေချင် တယ်။ အရယူကြပါလို့ လည်း ဆရာ ဆန္ဒပြုချင် ပါ တယ်။ကာတွန်းဆရာ ဆိုတာကလည်း ပြည်သူလူ ထုနဲ့ တသားတည်း ပဲဖြစ်တယ်။ ပြည်သူထဲက အပါအဝင်ဖြစ်တယ် ။ ပြည်သူလူထုရဲ့ ဆန္ဒ အစစ်အမှန် တွေကို ကိုယ် စားပြုပြီးတော့ စာနယ်ဇင်းတွေမှာ ပြန်လည်ထုတ် ဖော် ထင်ဟပ်ပြသတဲ့ အနုပညာ ရှင်တွေလည်းဖြစ်တယ်။ အဲ့ဒါ ကြောင့် ဆရာတို့က ပြည်သူကို ကိုယ်စားပြုပြီးတော့မှ ဒီ၂၁ ရာစု ပင် လုံညီလာခံကို ငြိမ်းချမ်းရေး ကာတွန်းပြပွဲနဲ့ကြိုဆို ထောက်ခံရ တဲ့အတွက် ဝမ်းသာရပါတယ်။
ကာတွန်းရွှေမင်းသား
အစိုးရကနေ ၂၁ ရာစုပင်လုံ ညီလာခံအနေ နဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်မယ့် အခြေအနေပေါ့နော် ။ ကာတွန်း ဆရာတွေက ပြည်သူနဲ့တစ်သား တည်းဖြစ်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ။ ငြိမ်းချမ်းရေးက နှစ်ခြောက်ဆယ်ကျော် ခုနစ်ဆယ် ကျော်လောက်အထိ မငြိမ်းချမ်း ခဲ့တဲ့အတွက် နှစ်ရှည်လ များရောဂါ စွဲကပ်သလို ဆွဲကပ်လာ တဲ့ ဆူပူမှု တွေ ။အဲ့ဒီဟာတွေက ဒီနေ့ခေတ် မှာ မိမိလိုလား တောင့်တတဲ့ အစိုး ရအဖွဲ့အစည်းလည်း ရပြီ။ လွှတ် တော်လည်း တင်ပြီးပြီ။ လွှတ်တော်ကနေ ဒီလိုစီစဉ်တဲ့ အ တိုင်းအတာ မှာ ငြိမ်းချမ်းရေးကို လွှတ်တော်နဲ့  ပြည်သူနဲ့ တစ်သား တည်းဖြစ်တဲ့ စိတ်ဓာတ်နဲ့ ကာတွန်းဆရာတွေက ဒီပွဲကိုလုပ်တာပါ ။ ကျွန်တော် ငယ်ငယ်ကတည်း ကစပြီး ကြားဖူးတာ က ပြည်တွင်းသောင်းကျန်း သူဆို တဲ့ ဟာကြီးကိုရင်ထဲမှာ မနှစ်မြို့ ဘူး ။ ကာတွန်းဆရာဖြစ်တော့ ငြိမ်း ချမ်းရေးအ တွက်ပဲ ဖော်ဆောင်ပြီး စေတနာ ထားပြီး ရေးဆွဲ တယ် ။ ဒီ လိုမျိုးရေးဆွဲပေမယ့် လည်း အစိုးရ အဆက်ဆက် ပြောင်းသွားပြီးတော့ ဒါကြီးက အကောင်အထည် ပေါ် မလာဘူး။ ဖြစ်မလာဘူး။
အခုလို ပြည်သူ့လွှတ်တော်နဲ့ အစိုးရကနေ ဒီအတိုင်းအတာ အထိ ဖြစ်လာ အောင် လုပ်ပေးနိုင်တယ်ဆိုတာ ။ ကျွန်တော်တို့ဘက်က ကြိုးစားခဲ့တဲ့ အတိုင်းအတာလေး တစ်ခု အခွင့် အလမ်းပွင့်လာပြီလို့ပြောလို့ ရပါ တယ် ။ ကျွန်တော့်ဆန္ဒအရပြောရ မယ်ဆိုရင် ဒီဟာကအစိုးရ၊ ပြည် သူ၊ ကာတွန်းဆရာဆိုတဲ့ တစ်ထပ် တည်းကျတဲ့ ဒီ ညီလာခံကြီး က အောင်မြင်မယ်လို့လည်း မျှော်လင့် ပါတယ် ။ အခုလောလောဆယ်မှာ တော့ အပစ်အခတ် လေးတွေတော့ ရှိနေတာပေါ့နော် ။ ဒါတွေကို သတင်းစာထဲမှာ ဖတ် ရတော့ စိတ် မကောင်း ဖြစ်ရတယ် ။ ဒီအထဲမှာ ကြားခံအနေနဲ့ ဓားစာခံဖြစ်ရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို လည်း အားလည်းနာပါတယ်။ ကိုယ်ချင်းစာတရားနဲ့ ပြောရရင် စိတ်လည်း မကောင်းပါဘူးလို့ ပြောချင်ပါတယ် ။ ကိုယ်ကိုယ်တိုင် အဲ့ဒီ ဒေသတွေကို ဒီအသက် အရွယ်နဲ့ သွားဖို့အခက်အခဲရှိတဲ့ အတွက် တောင်းပန်ပါတယ်လို့ လည်း ပြောချင်ပါတယ်။
ကာတွန်းမောင်မောင်အောင်
ဒီပွဲကတော့ ကာတွန်းဆရာ တွေရဲ့ ထွက်ပေါက်တစ်ခုလို့ ပြော လို့ရတယ်။ ခေတ်အဆက်ဆက် မှာ ဒီလိုနေရာမှာ ဒီလိုအခင်းအကျင်း မျိုး မလုပ်ခဲ့ဖူးဘူး။ ဒါကကျတော့ အဓိက ကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးဆိုတာ လူတန်းစား အားလုံး ဘာသာမျိုးစုံက လိုလား တဲ့ ကိစ္စတစ်ခုပါပဲ။ ကာတွန်းဆရာ တွေ အနေနဲ့ကလည်း ဒီ ငြိမ်းချ မ်း ရေးလိုချင်နေတဲ့ ပြည်သူတွေထဲမှာ ပါဝင်နေတဲ့အတွက် ငြိမ်းချမ်းရေးရ ရှိဖို့အတွက် ဝိုင်းဝန်းလှုံ့ဆော်တဲ့ပွဲ ဖြစ်ပါတယ်။ ဆရာဆိုရင် အသက် ခြောက်ဆယ်ကျော်ပြီ။ ငြိမ်း ချမ်း ရေးကိုမျှော်လင့် လာတာ့ နှစ်ခြောက် ဆယ်ကျော်လာပြီလို့လည်းပြောလို့ ရတယ်။ အဲ့ဒီတော့ ဒီပင်လုံညီ လာခံကို အကြောင်းပြုပြီးတော့ မြန်မာပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အားလုံး ပျော်ပျော်ရွှင်ရွှင်နေနိုင် မယ့်အခွင့်အလမ်းကို ဆရာလည်း မျှော်လင့်ပါတယ်။ အဲ့ဒီအတွက် ဒီညီလာခံကို အောင်မြင်ပါစေလို့ လည်း ဆုတောင်းပါတယ်။
ကာတွန်းဖောင်းဖောင်း
ကျွန်တော်တို့အားလုံးက စစ် ဖြစ်တာတွေကို ရပ်စေချင်တယ် ။ ဘာလို့လဲ ဆိုတော့ စစ်ကြောင့် ဒုက္ခရောက်ကြတဲ့ သူတွေ အများ ကြီးပဲ။ တိုင်းရင်းသား တွေဆိုရင် ပိုဆိုးတယ်။ စစ်ဒဏ်ကိုခံကြရ တယ်။ ကြေမွနေအောင်ခံစားကြရ တယ်။ စစ်ကြောင့် ရုပ်ပိုင်းဆိုင်ရာတွေလည်းအများကြီး ထိခိုက် တယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်းအများကြီး ထိခိုက်ကြရ တယ်။ ကလေးတွေ ဆိုရင်လည်း ပညာ ကောင်းကောင်း မသင်ရဘူး။ စစ်ပဲ ပြေးနေရတယ်။ လူကြီးတွေဆိုရင် လည်း သူတို့ အိုးအိမ်တွေ မှာမနေရ ဘူး။ သူတို့ရဲ့ မြို့ ရွာတွေ အိုးအိမ် တွေကို စွန့်ပြီးပြေးကြရတာ။ စစ် ဘေးရှောင်ကြရတယ်။ အခုလိုမိုး ရွာတဲ့အချိန်မှာ ဆိုလို့ရှိရင် ရာသီဥတု ဆိုးရွားတဲ့ ဒဏ်တွေ ခံကြရမယ် ။ ထောက်ပံ့တဲ့ ပစ္စည်းေ တွ ရောက် မလာဘူးဆိုလို့ရှိရင် အစာရေစာ ငတ်တာတွေ့ ကြုံကြရမယ်။ စနစ်ဆိုးကြီး ခေတ်ဆိုးကြီးထဲကနေ လွတ်စေချင်တယ်။ အဲ့ဒါက စစ်ပွဲ တွေ အားလုံး ရပ် သွား ပြီးမှ ငြိမ်း ချမ်းရေးဆိုတဲ့ အရသာကိုတစ်နိုင်ငံ လုံးမှာရှိတဲ့ ပြည်သူ ပြည်သားတွေ အားလုံးရစေချင်တယ်။ ကျွန်တော် တို့ ရည်ရွယ်ချက်ကလည်း စစ် ကြောင့် ဒုက္ခရောက်ေ နတာတွေကို ရပ်စဲပြီးတော့ ပင်လုံညီလာခံကြီး အောင်အောင်မြင်မြင်ဖြစ်သွား မယ်။ ဒီ ၂၁ရာစု ပင်လုံညီလာခံမှာ လည်း တိုင်းရင်းသားတွေ အားလုံး က ငြိမ်းချမ်းရေးကို လက် မှတ် ရေး ထိုးကြမယ်ဆိုတဲ့ အထိ မျှော် လင့်ထားတယ်။ အဲ့ဒီရည်ရွယ်ချက် နဲ့ပဲ ကျွန်တော်တို့တွေ ကာတွန်းပြပွဲကိုလုပ်ဖြစ်တာပါ။ အားလုံးလက်မှတ်ရေးထိုးကြ လိမ့်မယ် လို့ မျှော်လင့်ထား တယ်။