နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ
ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။
သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်
ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ေ-သဆုံး။
တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline
ကြားဝင်စေ့စပ်မှု ပုံစံများ
၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။
၂။ Track II (အလွတ်သဘောလမ်းကြောင်း): ရှန်ဟိုင်းမြို့တွင် အလွတ်သဘော ဆွေးနွေးပွဲများ လက်ခံကျင်းပပေးခြင်း။
ရက်စွဲ၊နေရာနှင့် ဆောင်ရွက်ချက်များ
ဇူလိုင် ၁၀၊ ကွာလာလမ်ပူရ်
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံဝန်ကြီးများနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် စတင်တိုက်တွန်း။
ဇူလိုင် ၂၈၊ ပူထရာဂျာယား
တရုတ်နှင့် အမေရိက တို့ ပါဝင်သည့် အစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ “ခြွင်းချက်မရှိ အပစ်ရပ်ရန်” သဘောတူ။
ဩဂုတ် ၁၄၊ယူနန် (အန်းနင်း)
ဝမ်ယိက နှစ်နိုင်ငံဝန်ကြီးများနှင့် ထပ်မံတွေ့ဆုံကာ အပစ်ရပ်စဲရေး ခိုင်မာစေရန် တွန်းအားပေး။
စက်တင်ဘာ ၁၂-၁၅၊ဖနောင်ပင်/ဘန်ကောက်
အထူးသံတမန် တိန့်ရှီကျွင်းကို စေလွှတ်၍ “အာဆီယံနည်းလမ်း” အတိုင်း ဖြေရှင်းရန် တိုက်တွန်း။
အောက်တိုဘာ ၂၆၊ကွာလာလမ်ပူရ်
ဒေါ်နယ်ထရမ့်ပ်နှင့် အန်ဝါအီဘရာဟင်တို့ ရှေ့မှောက်တွင် “ကွာလာလမ်ပူရ် ငြိမ်းချမ်းရေးသဘောတူညီချက်” ရရှိ။
ကိုးကား- ခမာတိုင်းမ်စ်
