Thursday, April 23, 2026

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး...

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ...

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game...

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင်...

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ...
HomeInterviewsကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ...

ကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ အကျိုးများစေနိုင်ဟုဝန်ကြီးချုပ်ဆို

ဖနွမ်းပင်၊ဇန်နဝါရီ ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က တရုတ်၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်ဝင်လာစေမည်ဖြစ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်အနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်များကိုပြန်ဖွင့်ရန် စီစဉ်ထားပြီးနောက် ကမ္ဘောဒီးယားနှင့်အခြားနိုင်ငံများက တရုတ်ခရီးသွားများအားကြိုဆိုဖို့ မျှော်လင့်ထားသည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားသည် တရုတ်ခရီးသွားများအတွက် ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှတစ်ခုဖြစ်သည်” ဟုလည်း ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဘက် ကရာတီပြည်နယ်တွင် တရုတ်နိုင်ငံရန်ပုံငွေဖြင့် တည်ဆောက်သော မြစ်ကူးတံတားဖွင့် ပွဲအခမ်းအနား၌ ၎င်းကပြောကြားခဲ့သည်။

တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကို အရှေ့တောင်အာရှနိုင်ငံအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ၎င်းတို့၏ဝင်ထွက်သွားလာမှုများက ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးတိုးတက်မှုအတွက်အရေးကြီးသည်ဟုလည်းဆိုသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကိုပံ့ပိုးပေးသည့် မဏ္ဍိုင်ကြီးလေးခုထဲမှ တစ်ခုလည်းဖြစ်သည်။ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၆ ဒသမ ၆ သန်းဝင်‌ရောက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄ ဒသမ ၉၂ ဘီလျံရရှိကာ နိုင်ငံ့ ဂျီဒီပီ ၏ ၁၂ ဒသမ ၁ ရာခိုင်နှုန်းအထိရရှိစေခဲ့သည်။

Source : CGTN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ မြောင်းထဲထိုးကျ သံဃာတော်(၁)ပါးအပါအဝင် (၈)ဦးဒ-ဏ်ရာရခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သံဃာတော်(၁)ပါးအပါအဝင် (၉)ဦးလိုက်ပါမောင်းနှင်လာသော Hilux Surf ကားသည် မိုင်တိုင်အ မှတ် ၁၈၂/၇ နှင့် ၁၈၃/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သံဃာတော်(၁)ပါး၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဂုံသုခမေတ္တာပရဟိတအသင်းက နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ်(၃)တို့နိမ့်ကျနေမှုအား ပြန်လည်ပြင်ဆင်နေသည့် တံတားတိုင်ဘိုးပိုင်တူးနေမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်စံချိန် စံ ညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများအား ဖြုတ်သိမ်းထားရန်တို့ကို မှာကြားခဲ့သည်။ ထို့ပြင် ဒု-ဝန်ကြီးသည် တောင်တွင်းကြီးဘူတာ၊ ဆတ်သွားဘူတာတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game Plan” အစီအစဉ် ဧပြီ ၂၅ ရက်တွင် စတင်မည်​​မြန်မာ့လက်ရွေးစင်နည်းပြများနှင့် ကစားသမားကိုယ်တိုင်ပါဝင်သင်ကြားပေးမည့် “AYA Game Plan” TikTok အစီအစဉ်ကို လာမည့် ဧပြီလ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင် ကစားသမားများ၏ အတွေ့ အကြုံများကို AYA Bank TikTok Page မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ဘောလုံးပညာရပ်များသာမက လူငယ်များ သိထားသင့်သည့် အခြေခံငွေကြေးစီမံခန့်ခွဲမှု (Finan cial Literacy)ဗဟုသုတများကိုပါ "Foo tball Tricks and Financial Tips" အပိုင်းများအဖြစ်ထည့်သွင်းတင်ဆက်သွားမည်ဖြစ်သည်။ ​ဘောလုံးကစားသမားများနှင့် နည်းပြများက စိတ်ဓါတ်၊ စည်းကမ်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071