ကမ္ဘောဒီးယားမှ ရန်ကုန်သို့ သတ္တမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေပြီး ကပ်ရောဂါကာလ အတွင်း အခြေအနေတွေကြောင့် ဆက်ပြီးနေထိုင်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို သတ္တမအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်နဲ့ ယမန်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
လေယာဉ်ပေါ်မှာ မြန်မာနိုင်ငံသား ၁၂၂ဦးနဲ့ အရေးပေါ်တာဝန်/ကိစ္စနဲ့ သွားရောက်မယ့် နိုင်ငံခြားသား(၃)ဦး၊ စုစုပေါင်း ၁၂၅ ဦး လိုက်ပါခဲ့ တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေး လေယာဉ်မှာ လိုက်ပါမယ့်သူတွေ အတွက် ဖနောင်ပင်မြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်း များမှလည်း ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်ထိ သွားရောက် ကာ လိုအပ်တာတွေအတွက် ချိတ်ဆက်ကူညီခဲ့ကြောင်းလည်း သိရပါတယ်။
ဖနောင်ပင်မြို့က မြန်မာသံရုံးနဲ့ MAI တို့ပူး ပေါင်းပြီး သတ္တမအကြိမ်မြောက် ကယ်ဆယ် ရေးလေယာဉ်၊ပျံသန်းအမှတ် 8M 402 နဲ့ စက်တင်ဘာလ ၂၈ရက်နေ့က ဖနောင်ပင်-ဆီဟာနုဗေးလ်-ရန်ကုန်ခရီးစဉ်အတိုင်း ပို့ဆောင် ပေးခဲ့တာပါ။