Monday, July 27, 2026

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း”...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး...

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS...

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့်...

ထိုင်းတောင်ပိုင်း ကုန်းတွင်းတံတား စီမံကိန်းကိုဆိုင်းငံ့

စီမံကိန်းကိုအကောင်အထည်ဖေါ်မှု၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရေး ကော်မတီများ၏ သုံးသပ်ချက်အရ ထိုင်းတောင်ပိုင်း တံတား စီမံကိန်းသည် ဘောဂဗေဒနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း အလွန်နည်းပါးပြီး နိုင်ငံတော်...
HomeInternationalကမ္ဘောဒီးယားနှင့်ထိုင်း မိုင်းရှင်းလင်းရေးကိစ္စများဆွေးနွေးခဲ့ကြ

ကမ္ဘောဒီးယားနှင့်ထိုင်း မိုင်းရှင်းလင်းရေးကိစ္စများဆွေးနွေးခဲ့ကြ

ဖနောင်ပင်၊ဧပြီ ၁၁

ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် နှစ်နိုင်ငံနယ်စပ်ဒေသများရှိ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ၎င်းအနေဖြင့် နယ်စပ်ဒေသကို မိုင်းကင်းစင်ပြီး လုံခြုံငြိမ်းချမ်းစေလိုကြောင်းလည်းပြောကြားခဲ့သည်။

နှစ်ဖက်သက်ဆိုင်ရာအာဏာပိုင်များ၏အဆိုအရ နယ်စပ်ဒေသမိုင်းရှင်းလင်းရေးလုပ်ငန်းသည် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ကျန်ရှိနေသေးပြီး မြေပြင်အနေအထားခက်ခဲမှု၊ စိုက်ပျိုးမြေများများစွာရှိနေခြင်းနှင့် အဆိပ်သင့်မြေဧရိယာများများစွာရှိနေခြင်းတို့ကြောင့် မိုင်းရှင်းလင်းရန်အချိန်အတိုင်းအတာများစွာလိုအပ်လိမ့်ဦးမည်ဟုလည်း သိရသည်။

အချို့သောနေရာများတွင်မူ မိုင်းရှင်းလင်းတူးဖော်ရေးလုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိသည့်အတွက် အလားတူပြဿနာများကို ဖြေရှင်းနိုင်ရန်ုလည်းနှစ်ဖက်သေချာတွေ့ဆုံဆွေးနွေးဖို့လိုအပ်နေသေးသည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ကြောင့်ပင် မိုင်းရှင်းလင်းရေးလုပ်ငန်းများအားဆောင်ရွက်ရာ၌ နှစ်ဖက်သဘောတူညီချက်များအပေါ် လေးစားသမှုဖြင့် ပြုမူဆောင်ရွက်ကြောင်းသေချာစေဖို့အတွက် တွေ့ဆုံညှိနှိုင်းမှုကလိုအပ်သည်ဟုလည်းဆိုခဲ့သည်။

ကမ္ဘောဒီးယားသည် စစ်အကြွင်းအကျန်မြေမြှုပ်မိုင်းများကို အပြီးသတ်ဖယ်ရှားရှင်းလင်းရန် သန္နိဋ္ဌာန်ချမှတ်ထားသည့်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်အကုန်အထိ (၃,၂၉၇) စတုရန်းကီလိုမီတာအထိ မိုင်းရှင်းလင်းရေးဖော်ဆောင်နိုင်ခဲ့ကာ ဘေးကင်းသောနယ်မြေအဖြစ် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

Source : ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့သည်။ အဆိုပါ​အခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။​ ထို့နောက် မြန်မာ့ယဉ်ကျေးမှု...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကျေးလက်လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသဖြင့် ကျေးလက်နေအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးများ...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။ သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071