Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeInternationalကမ္ဘောဒီးယားတော်ဝင် မင်းသမီး ကေပေါ့ပ်ဘက်ကူးမည်မဟုတ်

ကမ္ဘောဒီးယားတော်ဝင် မင်းသမီး ကေပေါ့ပ်ဘက်ကူးမည်မဟုတ်

ကမ္ဘောဒီးယားတော်ဝင်မင်းသမီး ဂျန်နာသည် သာမန် ၁၂ နှစ်အရွယ် မိန်းကလေးမျိုးတော့ မဟုတ်ပေ။

ရုပ်ရည်ချောမောလှပမှု၊ ဘာသာစကားမျိုးစုံ တတ်ကျွမ်းမှု၊ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်များကြောင့် လူသိများသော သူသည် အသက်ခြောက်နှစ်အရွယ်ကတည်းက showbiz တွင် ပါဝင်ခဲ့ပြီး တွစ်တာတွင် ဖော်လိုဝါ ၃ သန်းနှင့် ယူကျူ့တွင် ဖော်လိုဝါ ၁ သန်း ရှိလာခဲ့သူဖြစ်သည်။

မွေးရပ်မြေတွင် လူချစ်လူခင်များရုံသာမက ဂျန်နာသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းက တရုတ်နိုင်ငံပိုင် စီစီတီဗီရုပ်သံတွင် တရုတ်သီချင်းများကို ပြန်လည်သီဆိုပြခဲ့အပြီးတွင် တရုတ်၌လည်း ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့သည်။ စက်တင်ဘာလတွင်မှ စအသုံးပြုခဲ့သော သူ၏ Weibo အကောင့်တွင် ပရိသတ် ၂ သောင်းကျော် ရှိနေခဲ့ပြီဖြစ်သည်။

ထိုင်ဝမ်သတင်းဌာနတစ်ခုဖြစ်သည့် SET News က သူ၏ နောက်ခြေလှမ်းမှာ ကေပေါ့ပ်အိုင်ဒဲလ် သင်တန်းသူတစ်ဦးဖြစ်မည်ဟု အောက်တိုဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့ပြီးနောက် ဂျန်နာနှင့်ပတ်သက်သော အကြောင်းအရာများသည် သတင်းခေါင်းစီးများ ထပ်ဖြစ်လာခဲ့သည်။ ထိုသတင်းကို တောင်ကိုရီးယားရှိ ဖျော်ဖြေရေးဝက်ဘ်ဆိုက်များက ကျယ်ကျယ်ပြန့်ပြန့်ပြန်လည် ဖော်ပြခဲ့ကြပြီး အရှေ့တောင်အာရှမှ ထူးချွန်သော တော်ဝင်တစ်ဦးသည် Blackpink အဖွဲ့၏ ထိုင်းနိုင်ငံဖွားလီဆာကဲ့သို့ ဒုတိယလီဆာ ထပ်ဖြစ်လာနိုင်သည်ဟု အချို့က ထင်ကြေးပေးခဲ့ကြသည်။

သို့သော်လည်း ဂျန်နာ၏ စီမံခန့်ခွဲရေးအဖွဲ့ကမူ သူသည် ကေပေါ့ပ်ကျော်ကြားမှုနောက်လိုက်တော့မည်ဆိုသော သတင်းများကို ငြင်းပယ်ခဲ့သည်။ အောက်တိုဘာ ၁၅ ရက်က ပြန်ဖျက်သွားသော Weibo ပို့စ်တစ်ခုတွင် ဂျန်နာသည် ၂၀၂၃ ခုနှစ်တွင် ကိုရီးယားဖျော်ဖြေရေးအေဂျင်စီတစ်ခု၏ ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သော်လည်း ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်ဟု သူ၏ အဖွဲ့က ပြောဆိုထားသည်။

သူကိုယ်တိုင်ကလည်း သူသည် ဂီတကို နှစ်သက်ပြီး ပထမဆုံး မန်ဒရင်းအယ်ဘမ်တစ်ခုထွက်နိုင်အောင် ကြိုးစားနေကြောင်း ဂျန်နာက အသိပေးခဲ့သည်။ သီချင်းဆိုခြင်းအပြင် သူသည် ပညာသင်ကြားရေးအတွက်လည်း အာရုံစိုက်လိုကြောင်းနှင့် ကိုရီးယားတွင် ကေပေါ့ပ်သင်တန်းသူဖြစ်လာရန် အစီအစဉ်မရှိကြောင်း သူက ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့သော ဂျန်နာသည် တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သည့် ကွယ်လွန်သူ ကမ္ဘောဒီးယားဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ မြေးတော်ဖြစ်သည်။ သူ၏ မိဘများမှာ မင်းသမီး နိုရိုဒွန် ဘော့ဖရေးနှင့် ပြင်သစ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်သည်။

ဂျန်နာသည် ဖနွမ်ပင်ရှိ ဂီတပညာကျောင်းတွင် အော်ပရာကို လေ့လာသင်ကြားခဲ့ပြီး ပြင်သစ်၊ ခမာ၊ ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာစကားများကို ပြောဆိုနိုင်သည်ဟု ဆောက်ချိုင်းနားမောနင်းပို့စ်က ဖော်ပြသည်။

အသက် ခြောက်နှစ်အရွယ်တွင် ကမ္ဘောဒီးယား၏ showbiz သို့ဝင်ရောက်ခဲ့ကာ ခမာရုပ်သံဇာတ်လမ်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူသည် ဒုတိယအကြိမ်မြောက် ကမ္ဘောဒီးယား-အာရှ ရုပ်ရှင်ပွဲတော်တွင် ကမ္ဘောဒီးယား သဲထိတ်ရင်ဖိုရုပ်ရှင် The Night Curse Of Reatrei(2024) ဇာတ်ကားဖြင့် အကောင်းဆုံး တက်သစ်စ မင်းသမီးဆု ရရှိခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071