Wednesday, July 1, 2026

ခြင်ဆေးခွေထွန်းရာမှမီးလောင်မှုဖြစ်ပြီး (၂)လသားအရွယ်ကလေးငယ်သေဆုံးပြီး ဖခင်ဖြစ်သူမီးလောင်ဒဏ်ရာရရှိခဲ့မှု မြဝတီမြို့တွင်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဇူလိုင် ၁ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က တဲအိမ်မီးလောင်မှုဖြစ်ပွားရာမှ သေဆုံးမှုနှင့်...

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသည့် သင်္ဘော(၈)ကြိမ်မြောက်အဖြစ်ဆိုက်ကပ်လာ

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘောသည် (၈)ကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁ ရက်နေ့လည်ပိုင်းတွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော...

မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ...

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား -...

မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ...

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား -...
HomeMoviesကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့...

ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ တရုတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို၊ လျာထားတဲ့ အချိန်ကာလအတွင်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ စစ်တပ်ကို ခေတ်မီအောင် အပြီးသတ် တည်ဆောက်သွားမယ်လို့ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်လာအောင် အရှိန်အဟုန်မြှင့် တည်ဆောက်ရပါမယ်၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ စစ်တပ်တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေကိုလည်း ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားရပါမယ်” လို့ တရုတ်သမ္မတက တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာပါ။

ဒါ့အပြင် “အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ဆိုရင် အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိဖို့ လိုတယ်” ဆိုတာကို သူက အလေးအနက် ပြောကြားခဲ့ပြီး၊ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိဘဲနဲ့ အမျိုးသားလုံခြုံရေးဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်စစ်တပ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကိုပဲ ခိုင်ခိုင်မာမာ လျှောက်လှမ်းရမှာဖြစ်ပြီး၊ နိုင်ငံရေး၊ နည်းပညာ၊ လူသားအရင်းအမြစ်နဲ့ ဥပဒေပိုင်းဆိုင်ရာ ကဏ္ဍတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပိုပြီးတော့ ပံ့ပိုးကူညီသွားရမယ်လို့ ရှီကျင့်ဖိန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခြင်ဆေးခွေထွန်းရာမှမီးလောင်မှုဖြစ်ပြီး (၂)လသားအရွယ်ကလေးငယ်သေဆုံးပြီး ဖခင်ဖြစ်သူမီးလောင်ဒဏ်ရာရရှိခဲ့မှု မြဝတီမြို့တွင်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဇူလိုင် ၁ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က တဲအိမ်မီးလောင်မှုဖြစ်ပွားရာမှ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တဲအိမ်တစ်လုံးတွင် ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် တဲအိမ်ပေါ် ပုခက်အတွင်းရှိနေသည့် (၂)လသားအရွယ်ကလေးငယ်မှာ မီးလောင်ခံရပြီးသေ ဆုံးသွားခဲ့ကာ ဖခင်ဖြစ်သူမှာလည်း ကလေးကိုကယ် ဆယ်ရာမှ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း...

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသည့် သင်္ဘော(၈)ကြိမ်မြောက်အဖြစ်ဆိုက်ကပ်လာ

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘောသည် (၈)ကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁ ရက်နေ့လည်ပိုင်းတွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်၍ Gas များကိုဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၂၈ ရက်ကလည်း LNG တန်ချိန် (၃) သောင်းကျော်တင်ဆောင်လာသောသင်္ဘောသည် (၇) ကြိမ်မြောက်အဖြစ်ရောက်ရှိလာပြီးနောက် သီလဝါဆိပ် ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်၍ Gas များကိုဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ ရပ်ကွက်အများစု လျှပ်စစ်မီး ယာယီပြတ်တောက်

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား - AaAb ဖီဒါဓာတ်အားလိုင်းတွင် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဓာတ်အားပြတ်တောက်မှု (အပြစ်ဖြစ်ပွားမှု) တစ်ခု ဖြစ်ပွားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်အားလိုင်း၌ အပြစ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းအပိုင်း (၅) ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071