Monday, July 20, 2026

မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများကို သက်...

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဒေသခံများအား ဇူလိုင် ၁၈ ရက်မှစတင်၍ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကိုရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်ထွေအုပ်ရုံး၌ အိမ်ထောင်စုတစ်စုလျှင် စားအုန်း...

ပွင့်ဖြူမြို့နယ်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်မြှင့်တင်ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ် ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချမှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ...

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှ...

ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ် မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှပေးဝေခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့်...

ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ...

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို...
HomeNewsLocal Newsကမ္ဘာ့သကြားဈေးကျဆင်းမှုကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်ကျဆင်း

ကမ္ဘာ့သကြားဈေးကျဆင်းမှုကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်ကျဆင်း

ရန်ကုန်၊ ဇူလိုင်-၁၈

ကမ္ဘာ့သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မြန်မာ့သကြားပို့ကုန် တင်ပို့မှုလျော့ကျနိုင်ပြီး ယင်း၏အကျိုးဆက်အဖြစ် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ လျော့ကျနေခြင်းကြောင့် မြန်မာ့သကြား၏ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာကာ ပြည်ပဝယ်လိုအား လျော့နည်းခဲ့ပြီး ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ကြံကြိတ်ရာသီကုန် မေလအထိ မြန်မာနိုင်ငံတွင် သကြားတန်ချိန် လေးသိန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။

အချို့ဒေသများတွင် နယ်မြေအခြေအနေများကြောင့် ကြံများကို အချိန်မီ မကြိတ်ဝါးနိုင်ခဲ့ခြင်းသည်လည်း ထုတ်လုပ်မှုလျော့ကျရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်း၌ နှစ်စဉ် သကြားစားသုံးမှုမှာ တန်ချိန် သုံးသိန်းခန့်ရှိပြီး ကျန်ပမာဏကို ပြည်ပသို့ တင်ပို့လျက်ရှိသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့သကြားပို့ကုန်မှာ တန်ချိန် ၉၀,၀၀၀ ကျော်ရှိခဲ့သော်လည်း ကမ္ဘာ့သကြားဈေးနှုန်း ကျဆင်းမှုကြောင့် ယခုနှစ်တွင် ပို့ကုန်ပမာဏမှာ ယခင်နှစ်ထက် ပိုမိုလျော့ကျနိုင်ကြောင်း အသင်းကဆိုသည်။

ကမ္ဘာ့သကြားဈေးနှုန်းမှာ ယခင်နှစ်က သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၄၀၀ ခန့်သာ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ယင်းကြောင့် ပြည်ပသို့ မတင်ပို့နိုင်သည့် သကြားများသည် ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေရပြီး ရောင်းလိုအားမြင့်တက်လာသဖြင့် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများကို သက် သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဒေသခံများအား ဇူလိုင် ၁၈ ရက်မှစတင်၍ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကိုရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်ထွေအုပ်ရုံး၌ အိမ်ထောင်စုတစ်စုလျှင် စားအုန်း ဆီ(၂)ပိဿာနှုန်းဖြင့် ပြင်ပပေါက်ဈေးထက်ဈေးနှုန်းသက်သာစွာ ဇူလိုင် ၂၀ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်မြှင့်တင်ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ် ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချမှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီအရောင်းဆိုင်များအားစစ်ဘဆေးခဲ့ကြပြီးနောက် လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ စားအုန်းဆီများကိုရောင်းချရာ၌ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း စနစ်တကျရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှ ပေးဝေ

ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ် မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှပေးဝေခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကာ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအ နားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်လကြီးဦးမောင်မြင့်၊ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်တို့တက်ရောက်ကြည်ညိုပူဇော်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီးလှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာယူပြီး ကျဆုံးလေပြီးသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071