Sunday, May 17, 2026

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင်...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ...

ရန်ကုန် ကြက်ဘဲဈေးသို့ နေ့စဉ် ကြက်ပိဿာ...

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ နေ့စဉ် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယင်းအနက် အသားတိုးကြက် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း...

မြန်မာလုပ်သား (၇၀) ကျော်ကို ဂျပန်ကခေါ်ယူ

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၀) ကျော်ကို ခေါ်ယူထားသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အ...

ဓာတ်အားခပေးချေမှုများ ရာနှုန်းပြည့်နိုင်ငံတော်ဘဏ္ဍာသို့ စီးဝင်လာရန်လည်းအရေးကြီးဟု လျှပ်စစ်နှင့်...

 Digital စနစ်ဖြင့် မီတာခကောက်ခံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည် နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိစေရေးအတွက် ဓာတ်အားခပေးချေမှုများနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မေ ၁၆ ရက်တွင် နေပြည်တော်ရှိ...
HomeInternationalကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
         
အီရန်သည် ကမ္ဘာ့ဖလား အုပ်စုပွဲ သုံးပွဲလုံးကို အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အမေရိကနှင့် အစ္စရေးတို့က ဖေဖော်ဝါရီလအနှောင်းပိုင်းတွင် အီရန်ကို တို-က်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက် နေ့ မှ ဇူလိုင်လ ၁၉ ရက် နေ့အထိ ကျင်းပမည့် ပြိုင်ပွဲတွင် အီရန်အသင်းပါဝင်ရေးမှာ ပြဿနာဖြစ်နေခဲ့သည်။
      
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (အိုင်အာရ်ဂျီစီ) နှင့် ဆက်နွယ်မှုကြောင့်ဆိုကာ အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မာဒီတာ့ဂျ်ကို အယခုလအစောပိုင်းတွင် ဗန်ကူးဗား၌ ကျင်းပသည့် ဖီဖာကွန်ဂရက်အတွက် ကနေဒါသို့ ဝင်ခွင့်ငြင်းပယ်ခံရပြီးနောက် မေးခွန်းများထပ်မံပေါ်ပေါက်စေခဲ့သည်။
       
မက္ကဆီကိုနှင့်အတူ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမေရိကနှင့် ကနေဒါ နှစ်နိုင်ငံစလုံးသည် အိုင်အာရ်ဂျီစီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ထိပ်တန်းစစ်ဘက်အင်အားစုနှင့် ပတ်သက်ဆက်နွယ်သူများကို ဝင်ခွင့်မပြုကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။
       
အသင်းအားလုံးနှင့် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များ အိမ်ရှင်နိုင်ငံများသို့ ဝင်ရောက်နိုင်ရေးသည် ဖီဖာတွင် တာဝန်ရှိကြောင်း အီရန်၏ ဥပဒေနှင့် နိုင်ငံတကာရေးရာ ဒုတိယဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက ယခုသီတင်းပတ် ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
      
အီရန်နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းသည် ဖီဖာစည်းမျဉ်းများနှင့်အညီ ကွင်းထဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ရေးသားခဲ့သည်။
       
ဖီဖာသည် ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်သည့် အသင်းအားလုံး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် ယှဉ်ပြိုင်နိုင်စေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
     
အီရန်က ၎င်းတို့အသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များကို မက္ကဆီကိုသို့ ပြောင်းလဲပေးရန် တောင်းဆိုခဲ့သော်လည်း ပွဲစဉ်အားလုံးကို မူလစီစဉ်ထားသည့် ကွင်းတွင်သာ ကစားရမည်ဟု ဖီဖာဥက္ကဌ ဂျီယန်နီ အင်ဖန်တီနိုက အခိုင်အမာ ပြောကြားခဲ့သည်။
     
အီရန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၅ ရက်နေ့တွင် လော့ဆန်းဂျလိစ်၌ နူးဇီလန်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင် ၂၀၂၆-၂၀၂၇ ရာသီအတွက် ဆီထွက်သီးနှံ ဧက ၃ ဒသမ ၅ သိန်းကျော် စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံအထူးဇုန် (၂) စီမံချက်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု) ၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်များအပြင် သရက်ခရိုင်အတွင်းရှိ သရက်၊ မင်းတုန်း၊ မင်းလှနှင့် ကံမမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ မြို့နယ် ၉ မြို့နယ်တွင် မြေပဲ၊ နှမ်းနှင့် နေကြာ စသည့် ဆီထွက်သီးနှံများကို...

ရန်ကုန် ကြက်ဘဲဈေးသို့ နေ့စဉ် ကြက်ပိဿာ ၈၀,၀၀၀ ဝင်ရောက်၊ အသားတိုးကြက် အများဆုံးဖြစ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ နေ့စဉ် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယင်းအနက် အသားတိုးကြက် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ နေ့စဉ် ဝင်ရောက်လာသည့် ကြက်အမျိုးအစားများတွင် အသားတိုးကြက်၊ ဒံပေါက်ကြက်၊ ဥစားကြက်၊ ဥနှုန်းကျဆင်း၍ ရောင်းထုတ်သည့် ဥတုံးကြက် (ကြက်နီမ) နှင့် မြန်မာကြက်များ ပါဝင်ပြီး အသားတိုးကြက်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။ “မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးကို နေ့စဉ် ကြက်အဝင်က ပိဿာ ရှစ်သောင်းလောက်...

မြန်မာလုပ်သား (၇၀) ကျော်ကို ဂျပန်ကခေါ်ယူ

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၀) ကျော်ကို ခေါ်ယူထားသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အ လုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပ ဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071