Friday, May 15, 2026

နယုန်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို...

လာမည့် မေ ၃၀ ရက်တွင်ကျရောက်မည့် နယုန်လပြည့် (မဟာသမယအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည်ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည့်...

မန္တလေးငလျင်ဒ-ဏ်သင့် အမျိုးသားပြတိုက် (နေပြည်တော်) အဆောင်...

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်) အဆောင် B ရှိ သမိုင်းတင်ခေတ်ဦးပြခန်းနှင့် သမိုင်းတင်ခေတ် (အေဒီ ၁၁...

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပါရဂူ...

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းသားများကို ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒနှင့် စာရင်းအင်းပညာ အထူးပြုဘာသာရပ်များဖြင့် ခေါ်ယူလျက်ရှိကြောင်း...

သမ္မတရှီနှင့် “အံ့ဖွယ်ကောင်းသော ကုန်သွယ်ရေး သဘောတူညီချက်များ”...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူနှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖိန်တို့ ပေကျင်းမြို့တွင် ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးစဉ်အတွင်း ရှီကျင့်ဖိန်နှင့် "အံ့ဖွယ်ကောင်းသော ကုန်သွယ်ရေး သဘောတူညီချက်များ" ရရှိခဲ့ကြောင်း...
HomeMoviesကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့...

ကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့ ဖျော်ဖြေမည်

       
ဇူလိုင်လ ၁၉ ရက်နေ့တွင် နူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အမေရိကန်ဘောလုံး Super Bowl ပုံစံ တစ်ပိုင်းနားချိန် ဖျော်ဖြေပွဲကို မက်ဒေါနား၊ ရှာကီရာနှင့် ကေပေါ့ပ်အဖွဲ့ ဘီတီအက်စ်တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
      
Coldplay မှ ခရစ္စမာတင်သည် ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲအတွက် ပထမဆုံးအကြိမ်ထည့်သွင်းသည့် ဖျော်ဖြေပွဲကို စီစဉ်တင်ဆက်မည်ဖြစ်သည်။
      
အသင်း ၄၈ သင်း ပါဝင်သည့် အကြီးဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် အမေရိက၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် စတင်မည်ဖြစ်သည်။
     
ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပထမပိုင်းနားချိန် ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် မတ်လတွင် ကြေညာခဲ့သည်။
        
ထိုအချိန်ကမူ ဖျော်ဖြေမည့်သူ၊ ဖျော်ဖြေချိန် မည်မျှကြာမည်နှင့် တစ်ပိုင်းနားချိန်တွင် ဖျော်ဖြေပွဲလုပ်မည်ဆိုသည်တို့ကို ၎င်းက ထုတ်ပြောခဲ့ခြင်းမရှိပေ။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နယုန်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည်

လာမည့် မေ ၃၀ ရက်တွင်ကျရောက်မည့် နယုန်လပြည့် (မဟာသမယအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည်ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည့် နယုန်လပြည့် (မဟာသမယအခါတော်နေ့) အခမ်းအနားတွင် တီးခတ်သွားမည်ဖြစ်ကာ ယင်းနေ့နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးဆက်ကပ်ခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရင်ပြင်တော်တောင်ဘက်မုခ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာတရားတော်များနာကြား၍ ရေစက်ချအမျှပေးဝေခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။ ထို့အတူ မဟာသမယနေ့ဖြစ်ပေါ်လာပုံကိုဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယ အုပ်စု (၂)...

မန္တလေးငလျင်ဒ-ဏ်သင့် အမျိုးသားပြတိုက် (နေပြည်တော်) အဆောင် B ရှိ ပြခန်းများကိုပြန်လည်ခင်းကျင်းပြသ

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်) အဆောင် B ရှိ သမိုင်းတင်ခေတ်ဦးပြခန်းနှင့် သမိုင်းတင်ခေတ် (အေဒီ ၁၁ - ၁၄ ရာစု) ပြခန်းများကို ပြန်လည်ပြင်ဆင်ခင်းကျင်းပြသထားကြောင်း သိရသည်။ ထိုသို့ ပြန်လည်ခင်းကျင်းပသထားမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မေ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား၍ ထိန်းသိမ်းရေးနည်းစနစ်မှန်ကန်စွာခင်းကျင်းပြသရန်မှာကြားသည်။ ထို့ပြင် အများပြည်သူများ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားစိတ်များဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် အသိပညာပေးလှုံဆော်မှုများပြုလုပ်ရာ၌ ဆိုရှယ်မီဒီယာများမှတစ်ဆင့်အသိပညာပေးရန်လည်း မှာကြားခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပါရဂူ (PhD) သင်တန်းသားများ ခေါ်ယူ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းသားများကို ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒနှင့် စာရင်းအင်းပညာ အထူးပြုဘာသာရပ်များဖြင့် ခေါ်ယူလျက်ရှိကြောင်း သိရသည်။ ပါရဂူဘွဲ့သင်တန်း လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အသက် ၄၅ နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ပါရဂူအကြိုသင်တန်းကို အချိန်ပြည့် တစ်နှစ်တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူများအနေဖြင့် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်၌ အနည်းဆုံး မဟာဘွဲ့ရရှိထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘာသာရပ်ဆိုင်ရာနှင့် အင်္ဂလိပ်စာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071