မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်) အဆောင် B ရှိ သမိုင်းတင်ခေတ်ဦးပြခန်းနှင့် သမိုင်းတင်ခေတ် (အေဒီ ၁၁ – ၁၄ ရာစု) ပြခန်းများကို ပြန်လည်ပြင်ဆင်ခင်းကျင်းပြသထားကြောင်း သိရသည်။
ထိုသို့ ပြန်လည်ခင်းကျင်းပသထားမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မေ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား၍ ထိန်းသိမ်းရေးနည်းစနစ်မှန်ကန်စွာခင်းကျင်းပြသရန်မှာကြားသည်။
ထို့ပြင် အများပြည်သူများ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားစိတ်များဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် အသိပညာပေးလှုံဆော်မှုများပြုလုပ်ရာ၌ ဆိုရှယ်မီဒီယာများမှတစ်ဆင့်အသိပညာပေးရန်လည်း မှာကြားခဲ့သည်။
