Monday, April 27, 2026

အိန္ဒိယ ၉၈ မြို့မှာ ကမ္ဘာ့အပူဆုံးမြို့များအဖြစ်...

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အပူဆုံးမြို့ ၁၀၀ အနက် ၉၈ မြို့တွင် ပြင်းထန်သော အပူလှိုင်းအခြေအနေများကို ကြုံတွေ့နေရသဖြင့် အပူချိန် တက်လာမှုအပေါ် အလွနါစိုးရိမ်နေကြသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အပူလှိုင်း၏ဗဟိုချက်တွင်...

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံး အကယ်ဒမီအတွက် အပြီးသတ်လူရွေးချယ်ခြင်းကို...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ပဏာမရွေးချယ်ခံရသူများအား အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် မေ ၉ ရက်နေ့လည် ၁...

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။ မန္တလာမင်း...
HomeInterviewsကမ္ဘာပတ်လမ်းကြောင်းကို ဖြတ်သန်းသွားမည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု...

ကမ္ဘာပတ်လမ်းကြောင်းကို ဖြတ်သန်းသွားမည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

နိုင်ငံတကာ နက္ခတ်ပညာရှင် အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာပတ်လမ်းကြောင်းကို ဖြတ်သန်းသွားမည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း၊ ယင်းသည် ၁ ကီလိုမီတာခွဲ(ဝ.၉မိုင်ခန့်) အချင်းရှိသည့် ဥက္ကာခဲကြီးတစ်လုံးဖြစ်ကြောင်း၊ ကမ္ဘာက နေကိုပတ်နေသည့် လမ်းကြောင်းကို ယင်းဥက္ကာခဲက ကန့်ဖြတ် ဝင်ရောက်ဖြတ်သန်းရာတွင် ကမ္ဘာနှင့် တိုက်မိနိုင်သည့် အခွင့်အလမ်းမှာမူ မရှိသလောက် နည်းပါးကြောင်း တနင်္လာနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ချီလီနိုင်ငံရှိ Victor M. Blanco အာကာသအဝေးကြည့်မှန်ပြောင်းအား အဆင့်မြင့်ကိရိယာတစ်ခုနှင့် ပူးတွဲအသုံးပြု၍ အခြား ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ခုနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး 2022 AP7 ဟု အမည်ပေးခဲ့သည်။

“2022 AP7 သည် ကမ္ဘာ၏ ပတ်လမ်းကို ဖြတ်ကျော်ကာ အန္တရာယ်ရှိနိုင်သော ဂြိုဟ်သိမ်တစ်ခု ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်တွင်သိရှိရသည့်အချက်အလက်များအရ ယခု သို့မဟုတ် အနာဂတ်တွင် ကမ္ဘာနှင့် တိုက်မိမည့် လမ်းကြောင်းနှင့်ပတ်သက်၍ မတွေ့ရသေးပါ” ဟု ရှာဖွေတွေ့ရှိမှုကို ဦးဆောင်သူ နက္ခတ်ပညာရှင် Scott Sheppard က ပြောကြားခဲ့သည်။

သို့ရာတွင် ယခု အသစ်ရှာဖွေတွေ့ရှိခဲ့သော 2022 AP7 သည် ရှစ်နှစ်တာကာလအတွင်း ကမ္ဘာမြေအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိသော အကြီးဆုံးအရာဝတ္ထုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ရန်ပုံငွေဖြင့် စူးစမ်းလေ့လာရေးစခန်းများစွာကို လုပ်ဆောင်နေသည့် NORLab သုတေသနအဖွဲ့ကြီးက ဆိုသည်။

Source: New potentially hazardous asteroid discovered

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ ၉၈ မြို့မှာ ကမ္ဘာ့အပူဆုံးမြို့များအဖြစ် စံချိန်တင်

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အပူဆုံးမြို့ ၁၀၀ အနက် ၉၈ မြို့တွင် ပြင်းထန်သော အပူလှိုင်းအခြေအနေများကို ကြုံတွေ့နေရသဖြင့် အပူချိန် တက်လာမှုအပေါ် အလွနါစိုးရိမ်နေကြသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အပူလှိုင်း၏ဗဟိုချက်တွင် စံချိန်တင်အပူရှိန်ကို ကြုံတွေ့နေရသည်။ ဒေသအများအပြားတွင် အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားကာ အချို့နေရာများတွင် ၄၅ ဒီဂရီစင်တီဂရိတ် အနီးသို့ ကပ်လာကာ ပိုမိုပြင်းထန်သော အပူလှိုင်းများ၏ ဒ-ဏ်ကိုခံနေသည်။ အပူချိန်များ မြင့်တက်နေ၍ အိန္ဒိယနိုင်ငံ မိုးလေဝသဌာန (IMD) က ပြည်သူများအား အပူနှင့်ဆက်စပ်သော ရောဂါများကို သတိပြုရန် သတိပေးချက် ထုတ်ပြန်ထားသည်။ ပြင်းထန်သော...

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံး အကယ်ဒမီအတွက် အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မေလအတွင်းပြုလုပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ပဏာမရွေးချယ်ခံရသူများအား အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် မေ ၉ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစိစစ်ခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၀ ရက်နှင့် မေ ၁၁ ရက်နံနက် ၆ နာရီခွဲတို့တွင်လက်တွေ့ရွေးချယ်မှုများ ၊ မန္တလေးမြို့တွင် မေ ၁၇ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစစ်ဆေးခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၈ ရက်နှင့် မေ ၁၉ ရက်နံနက်...

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ရတနာပုံအသင်းသည် ယခင်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတို့တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ဖူးသည့် ကလပ်အသင်း တစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071