Thursday, June 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်...
HomeNewsLocal Newsကဘော်ချိုင့်ဝှမ်းဒေသသည် နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော...

ကဘော်ချိုင့်ဝှမ်းဒေသသည် နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံပိုင်နက်နယ်မြေများဖြစ်

ကဘော်ချိုင့်ဝှမ်းဒေသသည် သမိုင်းနှင့်ယှဉ်ပြီး မြန်မာနိုင်ငံပိုင်ဖြစ်သကဲ့သို့ လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံပိုင်နက်နယ်မြေများဖြစ်သည်ဟု အိန္ဒိယနိုင်ငံ မီဇိုရမ်အမတ်၏ ချင်းပြည်နယ်အား မီဇိုရမ်နှင့်ပေါင်းစည်းရန် CNF နဲ့ ဆွေးနွေးခဲ့ခြင်း၊ မဏိပူရ်လွှတ်တော်အမတ်မှ ကဘော်ချိုင့်ဝှမ်း(တမူး-က လေး-မင်းကင်း)အား မဏိပူရ်ပြည်နယ်နှင့် ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးတောင်းဆိုခြင်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရကပြန်လည်တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အဆင့်ကိစ္စများကို မဏိပူရပြည်နယ်မှ အချို့ နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များက ၎င်းတို့၏ နိုင်ငံရေးမဲဆွယ်ရန် စကားလုံးတစ်ခုအဖြစ် မကြာခဏပြောဆိုနေသည်ကို အိန္ဒိယအစိုးရက လိုအပ်သလိုထိန်းကြောင်းတည့်မတ်ပေးရန်လိုအပ်ပြီး အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းဆက်ဆံရေးများကို မြန်မာနိုင်ငံဘက်မှ အမြဲရပ်တည်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို တန်ဖိုးထားပြီး မြန်မာနိုင်ငံ ၏ အချုပ်အခြာ အာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်၍ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့်ပြုမူပြောဆိုမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သလိုထိန်းသိမ်းဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်အတွင်း မဏိပူရပြည်နယ် BJP ပါတီခေါင်းဆောင် ရှန်တီကူးမားမှ ကဘော်ချိုင့်ဝှမ်းအား မဏိပူရမှပိုင်သင့်ကြောင်းပြောခဲ့ပြီး၊ ၂၀၁၃ ခုနှစ် မဲဆွယ်မှုတွင်လည်း ယင်း ပါတီကပင် ၎င်းတို့ ပါတီကိုမဲပေးပါက ကဘော်ချိုင့်ဝှမ်းကို ပြန်တောင်းပေးမည်ဟု မဲဆွယ်ခဲ့ကာ ယခုတွင်လည်း BJP ပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယကပိုင်သည်ဆိုသည့်သ ဘောများပြောဆိုခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုကထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်းဦးတည်သွားနေခြင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ မျိုးသားရေးဂုဏ်သိက္ခာတို့ကိုကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံကကြိုဆိုပြီး နိုင်ငံအတွင်းရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှကြိုး ပမ်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်အရ သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071