Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeInternationalကန်-တရုတ် ထိပ်တိုက်တွေ့မှု၏ သက်ရောက်မှုကို...

ကန်-တရုတ် ထိပ်တိုက်တွေ့မှု၏ သက်ရောက်မှုကို ဦးစားပေး ကိုင်တွယ်မည်–သြစတြေးလျအစိုးရ

တကျော့ပြန်ရွေးကောက်ခံခဲ့ရသော သြစတြေးလျ အစိုးရအနေဖြင့် အမေရိက-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ ထိခိုက်သက်ရောက်မည့်အရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးမှူး Jim Chalmers က မေလ ၄ ရက် နေ့တွင် ပြောကြားလိုက်သည်။

ဆယ်စုနှစ် ၂ ခုအတွင်း သက်တမ်းနှစ်ကြိမ်ဆက် အနိုင်ရသည့် ပထမဆုံး သြစတြေးလျဝန်ကြီးချုပ်ဖြစ်သည့် လေဘာပါတီခေါင်းဆောင် အန်သိုနီ အယ်လ်ဘာနီးစ်က မေ ၄ ရက်တွင် မှတ်ချက်ပြု ပြောကြားခဲ့ရာ၌ စည်းကမ်းရှိ၍ စည်းစနစ်ကျသော အစိုးရတစ်ရပ်ဖြင့် ဖွဲ့စည်းအုပ်ချုပ်သွားမည်ဟု ကတိပြုခဲ့ကာ သြစတြေးလျနိုင်ငံသားများသည် စည်းလုံးညီညွတ်မှုအတွက် မဲပေးခဲ့ကြသည်ဟု မှတ်ချက်ပြုခဲ့သည်။

ဗဟိုလက်ဝဲ လေဘာပါတီသည် ပါလီမန်တွင် အမတ်နေရာ အနည်းဆုံး ၇၇ မှ ၈၅ နေရာဖြင့် ၎င်း၏ အများစုထိန်းချုပ်မှုကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည်ဟု အေဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။ မဲအများစုကို ရေတွက်ခဲ့ပြီးနောက် ပါတီသည် အမတ်နေရာ ၁၅၀ ရှိ အောက်လွှတ်တော်ကို ဆက်လက်ထိန်းထားရန် ရုန်းကန်ရနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

မဲအရေအတွက် သုံးပုံနှစ်ပုံကျော်ကို ရေတွက်ပြီးဖြစ်ကာ မေ ၅ ရက်တွက် မဲရေတွက်မှုများ ပြန်လည်စတင်မည်ဖြစ်သည်။

မဲဆန္ဒရှင်များသည် ကနဦးက နေထိုင်မှုစရိတ်ကြီးမြင့်မှုအပေါ် အဓိကထား ဆုံးဖြတ်ရန်ရှိခဲ့ကြသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများနှင့် အခြားမူဝါဒများအပေါ် ပိုမိုစိုးရိမ်လာခဲ့မှုကြောင့် သြစတြေးလျ၏ အတိုက်အခံ ကွန်ဆာဗေးတစ်ခေါင်းဆောင် မစ္စတာ ပီတာဒပ်တွန်သည် အမတ်နေရာ ရှုံးနိမ့်ခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ ဒုတိယသက်တမ်းမှာ ပထမသက်တမ်းကလိုပဲ စည်းကမ်းရှိပြီး စည်းစနစ်ကျတဲ့ အစိုးရတစ်ရပ်ဖြစ်လာမှာပါ” ဟု မစ္စတာ အယ်လ်ဘာနီးစ်က သူ၏ ဆစ်ဒနီမဲဆန္ဒနယ်ရှိ ကော်ဖီဆိုင်သို့ သွားရောက်ခဲ့မှုအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“သြစတြေးလျပြည်သူတွေက ကွဲပြားခြင်းထက် စည်းလုံးမှုကိုသာ မဲပေးခဲ့ကြပါတယ်” ဟုလည်း အယ်လ်ဘာနီးစ်က သူ၏ အတိုချုံး မှတ်ချက်တွင် ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071