Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeNewsLocal Newsကန်တော်ကြီးရေကန်အတွင်း အမျိုးသား ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

ကန်တော်ကြီးရေကန်အတွင်း အမျိုးသား ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ကန်တော်ကြီးရေကန်အတွင်း ယနေ့ (ဇန်နဝါရီ ၁၇) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရသည်။

ကန်တော်ကြီးဝင်ပေါက် နှင့် ပန်ကန်လုံးကျွန်းကြား တံတားဘေး ကန်တော်ကြီးရေကန်ထဲတွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က အလောင်းတွေ့ရှိကြောင်း ဆက်သွယ်လာသည့်အတွက် လူမူကူညီရေးအသင်းများ ပူးပေါင်းဆောင်ရွက် ဆယ်ယူခဲ့ရသည်။

” မိသားစုနဲ့လည်းအဆက်အသွယ်ရပါပြီ။ သူက မနေ့ကမှ ပျောက်သွားတာ၊ ပြင်ပဒဏ်ရာမရှိပါဘူး၊ ဆေးရရုံအထိ စနစ်တကျအပ်ခဲ့ပြီး PR နံပါတ်ထွက်တဲ့အထိ ကူညီပေးခဲ့ပါတယ်” ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ရေနစ်သေဆုံးသည့်အမျိုးသားမှာ အသက် ၂၇ နှစ်အရွယ်ရှိသည်ဟု သိရပြီး အလောင်းဆယ်ယူရာတွင် သပြေကုန်းအသင်း၊ ဒီဃာယုကအသင်း၊ ရှမာရိ ပရဟိတအသင်း၊ မေတ္တာပီတိအသင်း နှင့် ကျီတော်အသင်းတို့က ပူးပေါင်းပါ၀င်ခဲ့သည်ဟုလည်း သိရသည်။

ထိုနောက် မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သက်ဆိုင်ရာပူးပေါင်း မှတ်တမ်းရယူ၍ DB အိတ်ဖြင့်ထည့်သွင်းပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ Dead Body အားစနစ်တကျအပ်နှံပြီး PR နံပါတ် 053 ထွက်သည်အထိ အဆင့်ဆင့် ကူညီပေးခဲ့သည်ဟုဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071