Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeInternationalကင်မ်ဂျုံအန်းကရုရှားကာကွယ်ရေးဝန်ကြီးအားလက်ခံတွေ့ဆုံ

ကင်မ်ဂျုံအန်းကရုရှားကာကွယ်ရေးဝန်ကြီးအားလက်ခံတွေ့ဆုံ

ပြုံယမ်း၊ဇူလိုင် ၂၇

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် ရုရှားကာကွယ်ရေးဝန်ကြီး မစ္စတာဆာဂေးရှိုက်ဂိုနှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ လက်ခံတွေ့ဆုံခြင်းသည် ကိုဗစ်ရောဂါကြောင့် နိုင်ငံနယ်နိမိတ်များအားလုံးကို ပိတ်ချလိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေဖြင့်ပြင်ပဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းဖြစ်သဖြင့် နယ်စပ်စည်းမျဉ်းတင်းကြပ်မှုကို လျှော့ချရေးအတွက်လည်း မျှော်လင့်ချက်ဖြစ်သည်ဟုဆိုသည်။

၎င်းတို့သည် နိုင်ငံတော်ကာကွယ်ရေး၊လုံခြုံရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးအတွက် အပြန်အလှန်အလေးထားသည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး အမျိုးအစားသစ် လက်နက်နှင့်ကိရိယာများ ခင်းကျင်းပြသထားသည့်လက်နက်ပြပွဲသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြသည်ဟုသိရသည်။

မြောက်ကိုရီးယားအနေဖြင့် ကိုရီးယားစစ်ပွဲနှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကိုကျင်းပမည်ဖြစ်ကာ အဆိုပါအခမ်းအနား၌ထည့်သွင်းရန် စစ်ရေးပြကိုလည်းလေ့ကျင့်နေပြီး အဆိုပါအခမ်းအနားမှနိုင်ငံ့စစ်အင်အားကိုလည်းသိရှိနိုင်သည်။

အဆိုပါအခမ်းအနားအတွက် ပြည်ပဧည့်သည်များအားဖိတ်ကြားထားခြင်းကြောင့်လည်း နယ်စပ်စည်းမျဉ်းလျှော့ချရေးအပြောင်းအလဲအတွက်မျှော်လင့်ချက်ဖြစ်လာခဲ့သည်။မြောက်ကိုရီးယားသည် ကိုဗစ်ကြောင့် ၂၀၂၀ ပြည့်နှစ် ကတည်းက နယ်စပ်များကိုပိတ်ထားခဲ့ပြီး ပြည်ရောက်၎င်း၏နိုင်ငံသားများကိုပါအဝင်မခံခဲ့ခြင်းလည်းဖြစ်သည်။

ကိုရီးယားစစ်ပွဲနှစ်ပတ်လည်အခမ်းအနားမတိုင်မီ ရုရှားကာကွယ်ရေးဝန်ကြီး၊တရုတ်ကိုယ်စားလှယ်အဖွဲ့တို့နှင့် ကင်မ်ဂျုံအမ်းတို့၏တွေ့ဆုံမှုသည် မြောက်ကိုရီးယား နယ်စပ်ထိန်းချုပ်မှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာချဉ်းကပ်မှုတွင် အလားအလာရှိသောအပြောင်းအလဲများကိုအချက်ပြနေသည်ဟုလည်းဆိုသည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအ နီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ကစား သမား(၂၃) ဦး အပြီးသတ်လူစာရင်း ထွက်ပေါ်လာ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ - ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။ လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071