Wednesday, July 15, 2026

မင်းကင်းမြို့၌ ဒေသခံများနှင့် တိုက်ပွဲရှောင်မိသားစုများကို သက်သာသောစျေးနှုန်းဖြင့်...

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သူများနှင့် မြို့သို့ရောက်ရှိနေသည့် တိုက်ပွဲရှောင်မိသားစုဝင်များအား အမှတ်(၁)ရပ်ကွက်၊ မြို့ တော်လမ်း၌ ယနေ့ ဇူလိုင် ၁၄ ရက်နံနက် ၈...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တွေ့ဆုံ

မြန်မာ -ထိုင်း နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့...

ထိုင်းနိုင်ငံတွင် ယာဥ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမုပရာကန်၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က ယာဉ်မတော်တဆဖြစ်ရာ မြန်မာအလုပ်သမား စိုင်းဝမ်(ခ)စစ်လူ ‌ေ-သဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ...

စက်ယန္တရား၊ စက်ကိရိယာအသုံးပြုလိုသည့် ဝါ စိုက်တောင်သူများကို...

စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုလိုသော ဝါ စိုက်တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ အ ကောင်းဆုံးပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးစေရန် စက်ယန္တရားများဖြင့် မြေပြုပြင်ခြင်း၊ ဝါ မျိုးစေ့ချခြင်း၊...
HomeNewsLocal Newsအိမ်နီးနားချင်းများ ရေချိုးနေသည်ကို ဗီဒီယိုချောင်းရိုက်ခဲ့သော...

အိမ်နီးနားချင်းများ ရေချိုးနေသည်ကို ဗီဒီယိုချောင်းရိုက်ခဲ့သော အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

အိမ်နီးနားချင်းများ ရေချိုးနေသည်ကို ဗီဒီယိုချောင်းရိုက်ခဲ့သော အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

စင်္ကာပူ၊ ဇွန် ၁၆ ရက်

စင်္ကာပူနိုင်ငံ၌ အိမ်နီးနားချင်း ၃ ဦး၏ ရေချိုးနေသည့် ဗီဒီယိုကို ခိုး၍ ရိုက်ကူးခဲ့သောအမျိုးသားတစ်ဦးအား ဇွန်လ ၁၆ ရက် ကြာသပတေးနေ့တွင် ၁၆ ပတ်ကြာ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသမီး ၃ ဦးတွင် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ ပါဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားသည် ၎င်းအမျိုးသမီးတို့၏ကွန်ဒိုအခန်း လူသွားလမ်းဘက်မှ ချောင်းရိုက်ခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် တော့ခ်ကျီရှန်အား တစ်ပါးသူ၏ လိင်ပိုင်းဆိုင်ရာ ကိစ္စခိုးကြည့်မှုဖြင့် စွဲချက်နှစ်ခုတင်ခဲ့ရာ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သည်။ အခြားစွဲချက် သုံးခုကိုလည်း စီရင်ချက်ချရန် ဆုံးဖြတ်နေကြောင်း သိရသည်။

ကျူးလွန်ခံခဲ့ရသူများဖြစ်သည့် အသက် ၈ နှစ်၊ ၂၆ နှစ် နှင့် ၄၃ နှစ်အရွယ် အမျိုးသမီးသုံးဦး၏ အမည်များကိုမူ စင်္ကာပူနိုင်ငံ၏ gag order သတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ဖော်ခြင်းကိုတားမြစ်ထားသည့်ညွှန်ကြားချက်အရ ထုတ်​ဖော်ခြင်း မရှိခဲ့ချေ။

တော့ခ်သည် မတ်လ ၇ ရက် နေ့၌ အသက် ၂၆ အရွယ် အမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို အိမ်သာပြတင်းပေါက်မှ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ် ၎င်းအမျိုးသမီးမှ သတိထားမိသွား၍ အဖေနှင့် အစ်ကိုအား အော်ဟစ် အကူအညီတောင်းခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသမီး၏ အဖေနှင့် အစ်ကို ရောက်မလာမီ တော့ခ်သည် ရိုက်ကူးထားသည့် ဗီဒီယိုအား ချက်ချင်းဖျက်ပစ်ခဲ့သည်။
ယင်းအမျိုးသမီး၏ အဖေနှင့် အစ်ကို ရောက်လာချိန်တွင် တော့ခ်သည် လူနှစ်ဦး အမြန်ထွက်သွားသည်ကို မြင်လိုက်သည်ဟု ပြောဆိုကာ လိမ်ညာခဲ့ကြောင်း သိရသည်။

ရဲများ လာရောက်စစ်ဆေးချိန်မှ တော့ခ်သည် အမှန်အတိုင်း ဝန်ခံခဲ့သည်။

ရဲများသည် တော့ခ်၏ ဖုန်းအား သိမ်းဆည်းရမိခဲ့ပြီး ညစ်ညမ်းသော ဗီဒီယို ၁၄ ခုအား တွေ့ရှိခဲ့သည်။

၎င်းဖုန်း၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ရေချိုးနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုနှစ်ခုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့၌ ဒေသခံများနှင့် တိုက်ပွဲရှောင်မိသားစုများကို သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သူများနှင့် မြို့သို့ရောက်ရှိနေသည့် တိုက်ပွဲရှောင်မိသားစုဝင်များအား အမှတ်(၁)ရပ်ကွက်၊ မြို့ တော်လမ်း၌ ယနေ့ ဇူလိုင် ၁၄ ရက်နံနက် ၈ နာရီတွင် စားအုန်းဆီများကိုသက်သာသောစျေးနှုန်းဖြင့်ရောင်း ချပေးခဲ့ကြောင်း သိရသည်။ စားအုန်းဆီတစ်ပိဿာလျင် ငွေကျပ်(၁၀,၅၀၀)နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျင် တစ်ပိဿာစီဖြင့် စားအုန်းဆီပိဿာ(၁,၂၄၀)ပိဿာကိုရောင်းချပေးခဲ့ကြောင်း သိရသည်။

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တွေ့ဆုံ

မြန်မာ -ထိုင်း နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဥ်အ ဖြစ် ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၁၄ ရက်အထိသွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် နှင့် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် ၌တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်ပေါင်းရာချီကြာမြင့်သည့်...

ထိုင်းနိုင်ငံတွင် ယာဥ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား အာမခံကြေးဘတ်(၅)သိန်းရရှိ

ထိုင်းနိုင်ငံ၊ စမုပရာကန်၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က ယာဉ်မတော်တဆဖြစ်ရာ မြန်မာအလုပ်သမား စိုင်းဝမ်(ခ)စစ်လူ ‌ေ-သဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ထိုသို့ ‌ေ-သဆုံးခဲ့ခြင်းအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီမှရသင့်ရထိုက်သည့် အာမခံကြေးငွေဘတ်(၅)သိန်းအားထုတ်ယူနိုင်ရေးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးကကူညီပေးခဲ့ကြကြောင်း သိရသည်။  ထို့ကြောင့် အာမခံကြေးငွေအားထုတ်ယူရရှိခဲ့ပြီးနောက် ယနေ့ ဇူလိုင် ၁၄ ရက်တွင် ‌ေ-သဆုံးသူ၏မိခင်ဖြစ်သူထံ အလုပ်သမားသံအရာရှိရုံး၌ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071