ဒီဇိုင်နာ မျိုးမင်းစိုး ဘဝဖြတ်သန်းမှုစာအုပ်ထုတ်ဝေဖို့ စီစဉ်နေ

0
118

myomin

မန္တလေးမြို့မှ နာမည်ကျော် ဒီဇိုင်နာ မျိုးမင်းစိုးက ဒီဇိုင်နာလောကကို ဝင်ရောက်လာမယ့် ညီငယ်၊ ညီမငယ်တွေအတွက် ရည်ရွယ်ပြီး သူ့ရဲ့ဒီဇိုင်နာဘဝဖြတ်သန်းမှု အတွေ့အကြုံများကို စာအုပ်ထုတ်ဝေဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

” ကျွန်တော် ဆိုင်ဖွင့်တာလာ မယ့်နှစ် သီတင်းကျွတ်ဆိုရင် ၁ဝ နှစ်ပြည့်ပါပြီ။ ဆိုင်ဖွင့်တာ ၁ဝ နှစ် ပြည့် အမှတ်တရအနေနဲ့ရော၊ ကျွန်တော်ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ဘယ်လိုကျော် ဖြတ်ခဲ့တယ်ဆိုတာတွေကို ဒီဇိုင်နာ လောကကိုဝင်လာမယ့် ညီလေး၊ ညီမလေးတွေ၊ တပည့်လေးတွေ ပညာယူပြီး ဆောင်ရန်၊ ရှောင်ရန် လေးတွေကို သိစေဖို့အတွက် ရည်ရွယ်ပြီး ရေးတာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဝါသနာတအားပါခဲ့တာက စာရေးတာနဲ့ ပန်းချီဆွဲတာပါ။ ဝထ္တုတိုလေးတွေ လည်း ငယ်ငယ်က အများကြီးရေးခဲ့ ဖူးတယ်။ ကျွန်တော့်ရဲ့ Designer ဘဝဖြတ်သန်းလာခဲ့ပုံတွေ၊ ကြိုးစား လာခဲ့ရတာတွေ၊ အခက်အခဲတွေ၊ အတားအဆီးတွေ၊ နှိမ့်ချခံခဲ့ရတာ တွေ၊ ပယ်ချခံခဲ့ရတာတွေ၊ ပညာပြခံခဲ့ရတာတွေ၊ နာမည်မရှိခဲ့စဉ်က လူတွေရဲ့ ပြုမှုဆက်ဆံတာလေးတွေ၊ ကူညီခဲ့ကြတဲ့သူတွေ၊ တကယ့်ဖြစ်ရပ် မှန် အတွေ့အကြုံလေးတွေကိုရေး တာပါ။ ဆိုင်စဖွင့်တဲ့ရက်မှာ ရွှေဝါရောင် ဘုန်းကြီးအရေးအခင်း ဖြစ်တာတို့၊ ကြော်ငြာစရိုက်ကူးတဲ့ နေ့မှာ Sky Walk ရတနာပုံဈေးကြီး မီးလောင်တာတို့ အဲဒါမျိုးတွေဖြစ်တဲ့ အခါ စိတ်ဓာတ်ကျမိတာတွေကို ဘယ်လိုပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပြီး ရှေ့ကိုဆက်လျှောက်ခဲ့တဲ့ အကြောင်းတွေ၊ ကိုယ်ဖြတ်သန်းခဲ့ရ တဲ့ ခေတ်အခြေအနေ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုပါ ရေးထားပါ တယ်။ အစပိုင်း တစ်ပိုင်းလောက် တော့ ပြီးပါပြီ။ အားလုံးပြီးရင် စာအုပ်လေးထုတ်ပါမယ်” လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here