လောင်းကစားက ဘယ်တော့မှ ကောင်းကျိုးမပေးဘူး ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)

0
195

Mg-Sein-Winလူသားတိုင်း ငယ်စဉ် ကလေး ဘဝတည်းက ကလေး ကစားနည်း မျိုးစုံ ဆော့ကစားဖူး ကြတာများပါ တယ်။ ကစားကြတဲ့ အခါမှာ သာမာန် ဆော့ကစားရတာ ထက် နဖူးတောက် တမ်း၊ ထိုင်ထလုပ်တမ်း ကစားရတာ ကို ပိုနှစ်ခြိုက် ကြပါတယ်။ အရွယ် ရောက် လာချိန်မှာတော့ သာမာန် ဆော့ကစား နည်းဖက် တစ်ဆင့်မြင့် တဲ့ လောင်းကစား နည်းတွေကို လက်တည့် စမ်းတတ် သလို ငွေကြေး လောင်းကစား တချို့လည်း ပါဝင်လာ တတ်ကြပါတယ်။ အပျော် ကစားရာ ကနေ တဖြည်းဖြည်း လောင်းကစားနဲ့ ပတ်သက်ပြီး ဆိုးကျိုးကို ဖြစ်စေတဲ့ အကြောင်း ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကိုမေးကြည့်ရာ မှာတော့ “လောင်းကစား ဆိုတည်း က လောင်းကစားက ကောင်းကျိုး မပေးဘူးပေါ့။ မလုပ် သင့် မလုပ်အပ် တဲ့အရာ တစ်ခုပေါ့။ ရှောင်ရမယ့် အရာ တစ်ခုပေါ့။ ဘာဖြစ်လို့လဲ ဆို တော့ ငွေကြေးဥစ္စာ ကုန်တာထက် နောက်ဆုံးကိုယ် ကျင့်တရားကိုထိပါး သွားတာပေါ့နော်။ ဥပမာ ဖဲရှုံးလို့ ခိုးချင် စိတ် ပေါက်လာ။ အလစ်သုတ် ချင်စိတ်ပေါက်လာတာ။ အဲ့ဒါတွေ ကပိုပြီးတော့ တဖြည်းဖြည်း ဆိုးဆိုး သွားတာပေါ့။ အဲဒီတော့ ခြုံပြောရရင် လောင်းကစားက ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ မလုပ်သင့် မလုပ်ထိုက်ဘူး” လို့သူ့အမြင်ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က လူငယ်သဘာဝ လောင်းကစားနဲ့ မကင်းလွတ်ခဲ့ရင် တောင် ရှောင်ကြဉ် နိုင်ဖို့ ကြိုးစားသင့်ကြောင်းကို လည်း ဆရာက အခုလိုပြောပြတယ်။ “ဆရာတို့က စက်မှုတက္ကသိုလ် RIT ကထွက်တဲ့ ကျောင်းသားရဲ့ ၉ဝ ရာခိုင်နှုန်းက ကျောင်းသား ဘဝမှာ လောင်းကစားနဲ့ မလွတ်ကြဘူး ဖဲရိုက်တယ်။ ဂျင်ထိုး တယ်။ အကုန် လုံးလို့ကြတာပဲ။ ဒါပေမယ့် အဲဒီမှာ ခုနကပြောသလို လူငယ်သဘာဝနည်း နည်းလုပ်တယ်။ လုပ်ပေမယ့် တကယ့် ပရော်ဖက်ရှင်နယ်ဖြစ် အောင် ကိုယ့်စီးပွား ထိခိုက်အောင် ကိုယ်ကျောင်းစာ ထိခိုက်အောင် အဲဒီလိုမျိုး လုပ်မယ် ဆိုရင်တော့ မကောင်းဘူးပေါ့။ အလွန် အကျွံ ဖြစ် တတ်တာပေါ့ နောက်တစ်ချက်က လုပ်သင့်တဲ့ အချိန်မှာ လုပ်ပြီး ရပ်သင့်တဲ့ အချိန်မှာရပ်ဖို့ အရေးကြီး တာပဲ။ လူငယ်ဆိုတာက လွတ်ချင်မှ လည်း လွတ်မယ်။ လွတ်ရင်တော့ အကောင်းဆုံးပေါ့”လို့ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က သူကြုံတွေ့ခဲ့ရတဲ့ အမြင် ကို ပြောပြခဲ့ ပါတယ်။ လောင်း ကစားကြောင့်ရတဲ့ ငွေကလည်း အမြဲ မတည်မြဲသလို မလုပ်သင့်တဲ့ အရာပါလို့လည်း ဆရာမောင်စိန် ဝင်း(ပုတီးကုန်း)ကဆက်ပြောပြပါ တယ်။

“ဟိုတုန်းကတည်းက တို့မြန်မာ စကားပုံမှာရှိတာပဲ။ ပိန်လိုက်ဖောင်း လိုက်ဆိုတာ။ သူနိုင်ချင်နိုင်မယ်။ နိုင်လည်း နောက်ပြန် ကုန်သွားတာ ပဲ။ နောက်ဆုံးတော့ ကောင်းစားနေတယ် ဆိုတာကို တဒင်္ဂတွေလို ရှိရင်လည်း အဲဒီကောင်းစားတာ က ခဏ ပါပဲ။ နောက်ပိုင်း ကျတော့ အဲ့ဒါကိုရပ်ချင် ရပ် မရပ်ရင်နောက်ပိုင်းပြန်ကုန်မှာပဲ။ အဲဒီ သဘောပါပဲ။ အမှန်ကတော့ အစောကြီး ကတည်းက စွန့်လွှတ် လိုက်တာ အကောင်းဆုံးပေါ့။ ပေး ချင်တဲ့ မက်ဆေ့ကတော့ “လောင်း ကစားဆိုတာ ဘာမှမကောင်းဘူး။ အဝေးကြီးက ရှောင်ဖို့လိုတာပေါ့” လို့ ဆရာ မောင်စိန်ဝင်းပုတီး ကုန်း ကရှောင်ကြဉ်သင့်တဲ့ လောင်း ကစားအကြောင်းကို ပြောပြခဲ့ပါ တယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here