၂ဝ၁၄ခုနှစ်က ပြစ်မှြုေ<ွကး ပေးဆပ်ပြီး ထောင်ကထွက်လာချိန်မှာတော့ ‘အုတ်ရိုးအတွင်းသံဆူးကြိုး ဝင်းမှ လူဆိုးများ’ဆိုတဲ့ စာရေးသား ခြင်းအလုပ်ကို စတင်ခဲ့သူကတော့ အင်းစိန်အောင်စိုးဖြစ်ပါတယ်။ သူ့ရဲ့ စာအုပ်ကအောင်မြင်မှုရခဲ့သလို ဒုတိယအကြိမ် ထုတ်ဝေခဲ့ရာမှာ လည်း အောင်မြင်မှု ရခဲ့ပါတယ်။ အင်းစိန်အောင်စိုးရဲ့ ထောင်ကထွက် လာပြီး စာပေရေးသားမှုအပိုင်းနဲ့ ထောင်တွင်းအတွေ့အကြုံ တစ်စိတ် တစ်ဒေသကို ပေါ်ပြူလာမှ မေးမြန်း ဖြစ်ခဲ့ပါတယ်။
အစ်ကိုအနေနဲ့ ဒီထောင်တွင်း အတွေ့အကြုံစာအုပ်ကို ရေးဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြပါဦး။
ပွင့်ပွင့်လင်းလင်းပြောရရင် တော့ အခြားသူတွေရေးသားတဲ့ ထောင် အကြောင်းအရာတွေကို ဖတ်ဖြစ်တယ်။ အကျဉ်းဦးစီးဌာနက အရာရှိ ဝန်ထမ်းတွေရေးတယ်။ စာရေးဆရာတွေ၊ နိုင်ငံရေးသမား တွေရေးတယ်။ သူတို့ရေးသားရာ မှာအထွေထွေအကျဉ်းသားတွေရဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ တော့ ပြည့်ပြည့်စုံစုံ မပါဘူးပေါ့နော်။ ကိုယ်ကအထွေထွေ အကျဉ်းသား ဘဝနဲ့ ထောင်ထဲမှာ ဖြတ်သန်းရတာကိုး။ အဲဒီအ တွက် အထွေထွေ အကျဉ်းသားတွေ ရဲ့ အကြောင်း တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်ကို ပြည်သူလူထုရော၊ အစိုးရကိုရော သိစေချင်လို့ ထုတ် ဖော်ရေးသားရ ခြင်းဖြစ်တယ်။
ထောင်ထဲကနေ ထွက်လာချိန်မှာ အစ်ကို့အတွက် စာပေလိုင်းကို လိုက်ဖို့ဆိုတာက ဘယ်အရာတွေက တွန်းအားဖြစ်စေခဲ့လို့လဲ။
ကိုယ်စာပေအကြောင်းလည်း နားမလည်ဘူး။ စာရေးဆရာလည်း မဟုတ်ဘူး။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ အစ်ကိုက လူဆိုး၊ လူမိုက်တစ်ယောက်ဘဝကနေပြီး မခံချင်စိတ်တွေ များလွန်းတဲ့ အတွက် အာဏာပိုင်ကိုတိုင်ဖို့ပေါ့။ ထောင်ထဲ မှာ မှတ်စုလေးတွေရေးထားတာ။ အဲဒါက အပြင်မှာ စာအုပ် တစ်အုပ် ရေးဖို့အတွက် ဖြစ်ပေါ်သွားခဲ့တာ။ အစ်ကို့အနေနဲ့ လူဆိုးလူမိုက်ဘဝက နေပြီးတော့ ထောင်ကထွက်လာချိန် မှာ သာမန်ရိုးရှင်းစွာနဲ့ ဘဝကို ဖြတ်သန်းခဲ့တယ်ပေါ့။
အဲဒီလိုမျိုး ဖြစ်ပေါ်လာဖို့အတွက် စာပေဖတ်ရှုခြင်းက ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရှိခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။
ပွင့်ပွင့်လင်းလင်းပြောရရင် အစ်ကို ဒီစာရေးဆရာဖြစ်လာတာ ဒီလိုရေးဖို့ တွန်းအားတွေ ဖြစ်ပေါ် လာတာက စာပေကြောင့်ပဲ။ မတရား မှုတွေကို နှစ်ပေါင်းများစွာ တွေ့မြင် ရတဲ့အခါမှာ ဒီမတရားမှုတွေကို အာခံချင်တယ်။ တွန်းလှန်ချင်တယ်။ ဒါတွေကို လျော့ပါးစေချင်တယ်။ ပျောက်သွားစေချင်တယ်။ အဲဒီ အတွက် စာရေးဖို့ တွန်းအားတွေ ဖြစ်ပေါ်လာတာ။ ဒီစာရေးဖို့ တွန်း အားဖြစ်လာဖို့ အသိဥာဏ်တွေ ဘယ်လိုပွင့်လင်းလာသလဲဆိုတော့ ကမ္ဘာ့ကြက်ခြေနီ ICRC ရဲ့ ကျေးဇူးကြောင့်ပဲ။ မြန်မာနိုင်ငံအစိုးရ ခေတ်အဆက်ဆက်ထောင်ထဲမှာ ဘာစာပေမှ မဖတ်ရဘူး။ ခွင့်မပြုဘူး။ ကမ္ဘာ့ကြက်ခြေနီ ICRC ကျေးဇူးကြောင့် ထောင်ထဲမှာ ဘာသာရေး စာပေ၊ အတွေးအခေါ်စာပေ၊ ရသ၊ သုတတွေ အကုန်ဖတ်ရတယ်။ အဲဒီမှာတင် အစ်ကိုတို့ စိတ်တွေပြောင်းလဲပြီးတော့ အသိဥာဏ်တွေ ပွင့်လင်း သွားတာ။ အဲဒါကြောင့် ဒီစာပေတွေရေး ဖြစ်သွားတာ။
အစ်ကိုရဲ့ အတွေ့အကြုံတွေနဲ့ ဓမ္မနဲ့ အဓမ္မလမ်းကြောင်းအနေအထားလေး၊ အကောင်းအဆိုးလေးတွေ အကြောင်း မျှဝေပြောပြပေးပါဦး။
ကိုယ်ကငယ်စဉ်ဘဝမှာတော့ ဆိုးတဲ့သူ၊ မိုက်တဲ့သူ။ အရုပ်တွေ အများကြီးနဲ့ ခြေကားယား၊ လက်ကားယားဆို သိပ်သဘောကျခဲ့ ဖူးတယ်။ တော်တော်ကို နိမ့်ကျတဲ့ အ တွေးအခေါ်တွေ ဝင်ခဲ့ဖူးတယ်။ အဲဒီ လမ်းကိုလည်း လျှောက်ခဲ့ဖူးတယ်။ အသက်ကြီးလာလို့ စာပေတွေ ဖတ်ရတဲ့အခါမှာ အသိÓဏ်လေး နည်းနည်းမြင့်မားလာချိန်မှာ အဲဒီ ဆိုးတဲ့၊ မိုက်တဲ့ သူတွေကို ဂရုလည်း မစိုက်ဘူး။ အထင်လည်းမကြီးဘူး။ ပေါင်းလည်း မပေါင်းချင်ဘူး။ လူ့လောကမှာလည်း မရှိသင့်တဲ့ သူတွေလို အဲဒီလိုကြီး စိတ်ထဲမှာ ဖြစ်ပေါ်သွားတယ်။ ကိုယ့်ကိုလာပြီး တော့ မေးပြောခေါ်ပြော လုပ်တာ တောင် မနှစ်သက်တော့ဘူး။ အဲဒီလို စိတ် တွေ ပြောင်းလဲသွားတယ်။ အဲဒီလို လူမျိုးတွေ လမ်းတွေ့လည်း မကြိုက် ဘူး။ ကိုယ့်အိမ်လာတာလည်း မကြိုက်ဘူး။ ကိုယ်လည်းသူတို့အိမ် မသွားဘူး။ ကိုယ်အခုပြန်လာတာ ၃ နှစ်ကျော်သွားပြီ။ ဒုစရိုက်လောက သားမည်သူတစ်ဦးတစ်ယောက်နဲ့မှ ဆက်ဆံခြင်းမရှိဘူး။ ကိုယ့်ဆီလာလို့ မကောင်းတတ်လို့ ခဏတဖြုတ် ဧည့် ခံချင် ဧည့်ခံလိုက်မယ်။ ကျန်တာ မည်သည့်ကိစ္စနဲ့မှ ဆက်ဆံခြင်းမရှိ ဘူး။ အစ်ကို့ကိုလာပြီး ဆက်သွယ် တာတွေက မဟုတ်တာလုပ်ဖို့ချည်းပဲ။ ကိုယ်ကအဲဒါတွေ အကုန်ရှောင်ရှားပြီး ဒီလမ်းလေး လျှောက်ခဲ့တယ်။
မျိုးကျော်(ကနောင်သွေး)