ယခုနှစ် ကျိုက်ခေါက် ဘုရားပွဲတော်ကြီးတွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊ ချစ်စွမ်းသာတို့ ကပြမည်

ယခုနှစ် ကျိုက်ခေါက် ဘုရားပွဲတော်ကြီးတွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊ ချစ်စွမ်းသာတို့ ကပြမည်
January 23, 2019 Asian Fame
ယခုနှစ် ကျိုက်ခေါက် ဘုရားပွဲတော်ကြီးတွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊ ချစ်စွမ်းသာတို့ ကပြမည်

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သန်လျင်မြို့ ကျိုက်ခေါက်ဘုရား ပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၂ရက်ကနေ ၂ဝရက်နေ့အထိ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ကျိုက်ခေါက်ဘုရားပွဲတော်ကြီးမှာ နှစ်စဉ်တိုင်းလိုလို နာမည်ကြီးဇာတ်တွေက ကပြလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း နာမည်ကြီး ဇာတ်အဖွဲ့တွေ တော်တော်များများ ကပြကြမှာပါ။

ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၂ဝ ရက်နေ့အထိ ဇာတ်ရုံ (၁)တွင် မြို့ရွှေမန်းသား ဖိုးချစ်တို့ဇာတ်အဖွဲ့၊ ဇာတ်ရုံ (၂) တွင် ဟန်ဇာမိုးဝင်းတို့ စံပြသဘင်ဇာတ် အဖွဲ့၊ ဇာတ်ရုံ (၃) တွင် ချစ်စွမ်းသာတို့ (ရွှေလာဘ် ငွေလာဘ် သ ဘင်)ဇာတ်အဖွဲ့၊ ဇာတ်ရုံ (၄) တွင် စွမ်းသဘင်ဇာတ်အဖွဲ့၊ ဇာတ်ရုံ (၅)တွင် စက္ကောမ မျက်လှည့်အဖွဲ့၊ ဇာတ်ရုံ (၆) မိုးကြိုးငှက်ငယ်လေးများ တေးပဒေသာကပွဲ၊ ဇာတ်ရုံ (၇)တွင် ကြည်လဲ့လဲ့ဦး တေးပဒေသာ ကပွဲတို့ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။ ကျိုက်ခေါက်ဘုရားပွဲ တော်ကြီး ကျင်းပရန် ဇာတ်ရုံမြေနေရာအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါ တယ်။

ဇာတ်ရုံမြေနေရာဈေးကတော့ အရင်နှစ်ကအတိုင်းပဲဖြစ်ပြီး ဒီနှစ်မှာလည်း ညှိုနှိုင်းလို့ အဆင်ပြေ ပါကြောင်း ဒီနှစ်ကျိုက်ခေါက်ပွဲတော်ကြီးကတော့ ယခင်နှစ်များကထက် ပိုမိုစည်ကားမယ်လို့ ထင်ကြောင်း ဇာတ်ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုကျော်ဇေယျာကပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*