ရုပ်ရှင်ထဲမှာ မင်းသား မင်းသမီး လုပ်ပြလို့ လိုက်လုပ်တဲ့ခေတ်မဟုတ်တော့ဘူး ပိုင်ဖြိုးသု

ရုပ်ရှင်ထဲမှာ မင်းသား မင်းသမီး လုပ်ပြလို့ လိုက်လုပ်တဲ့ခေတ်မဟုတ်တော့ဘူး ပိုင်ဖြိုးသု
November 19, 2018 Asian Fame
ရုပ်ရှင်ထဲမှာ မင်းသား မင်းသမီး လုပ်ပြလို့ လိုက်လုပ်တဲ့ခေတ်မဟုတ်တော့ဘူး ပိုင်ဖြိုးသု

‘မီ’ ရုပ်ရှင်ဇာတ်ကားမှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းနဲ့ ပိုစတာတွေကို ဝေဖန်ပြောဆိုလာတာကြောင့် ပိုင်ဖြိုးသုဟာ အတော်လေးကို စိတ်မသက်မသာ ဖြစ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁ဝ ရက်နေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှာ မီဒီယာတွေနဲ့ တွေ့ဆုံ ပြီး ပြန်လည်ရှင်းပြ အသိပေးရတဲ့ အထိ ပြုလုပ်ခဲ့ရပါတယ်။ တကယ် တော့ ပိုင်ဖြိုးသုဟာ မီ ရုပ်ရှင်ဇာတ် ကောင်ကို ပီပြင်စေဖို့အတွက် အသက်သွင်းခဲ့ရုံ သက်သက်သာဖြစ် ပြီး လူငယ်တွေကို အတုယူမှားစေ တော့ဟယ်ဆိုတဲ့ စိတ်မျိုးတွေ ဆိုတာ စိုးစဉ်းမျှ မရှိခဲ့ကြောင်း အဲဒီနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။ တကယ် တော့ ပိုင်ဖြိုးသုဟာ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးသံတမန် တစ် ဦး ဖြစ်တယ်။ အဲဒါကြောင့်လည်း သူ ဟာ ကျန်းမာရေးသံတမန် တစ်ဦးဖြစ် ပါလျက်နဲ့ အခုလိုမျိုး ဆေးလိပ်တွေ တဖွာဖွာသောက်ရတဲ့ ဇာတ်ရုပ်မျိုး ကို သရုပ်ဆောင်ရလားဆိုပြီးတော့ ပြောဆိုဝေဖန်ခံလာရတာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ထဲမှာမင်းသား မင်း သမီး လုပ်ပြလို့လိုက်လုပ်တဲ့ ခေတ် မဟုတ်တော့ဘူးလို့ ပိုင်ဖြိုးသုက မျက် ရည်တွေ ဝဲရင်း ဖွင့်ဟခဲ့ပါတယ်။

ပိုင်ဖြိုးသုက မီ ဆိုတဲ့ဇာတ်ရုပ် ကို ပီပြင်စေဖို့အတွက် ဇာတ်ကား မရိုက်ကူးခင်ကတည်းက ဆေးလိပ် သောက်ဟန်တွေကို လေ့ကျင့်ရင်းနဲ့ ဇာတ်ကားထဲမှာ ပိုမိုပီပြင်စေခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတော့ ဆေးလိပ်စွဲခဲ့သလားဆိုပြီး မေးတဲ့ အခါမှာလည်း မစွဲပါဘူးဆိုတဲ့ ပြတ် သားတဲ့ အဖြေတစ်ခုကို ပေးခဲ့သူ လည်း ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ပိုင်ဖြိုးသုဟာ ကိုယ်တိုင်လည်း ဆေး လိပ်ကို မုန်းတဲ့သူ တစ်ဦးဖြစ်တာ ကြောင့်ပါ။ ပြီးတော့ မီ ဆိုတဲ့ အမျိုး သမီးဟာလည်း ဆေးလိပ်တွေအရက် တွေနဲ့ ဒဏ်နဲ့ပဲ နောက်ဆုံးမှာ သေ ဆုံးခဲ့ရတာ ဖြစ်တယ်။

”သုက အပြင်မှာ ဆေးလိပ်ကို အနံ့တောင် မခံနိုင်တဲ့သူဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက် တယ်ဆိုတာက ကိုယ့်မိုက်ပြစ်ကို ကိုယ်တင်ခံရတာမဟုတ်ဘူး။ တခြား ဘေးက လူတွေကိုပါ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိသူတွေအတွက်ပါ ရောဂါ အန္တရာယ်ကို ပေးတာ ဖြစ်တယ်။ အဲဒါကြောင့် မီ ကာရိုက်တာကို ဝင်စားနိုင်ဖို့ အများကြီး ကြိုးစားခဲ့တယ်။ စိတ်တွေလည်း တအားပင်ပန်းခဲ့ရတဲ့ ဇာတ်ကားတစ်ခုဖြစ်ခဲ့တယ်။ သုကိုယ်တိုင် မီရဲ့ စိတ်နဲ့ပဲ တစ်ကားလုံး ဆိုခဲ့တယ်။ မီဆိုတာ အကြောက်နဲ့အရဲ နှစ်မျိုးတွဲနေတဲ့သူဖြစ်တယ်။ မီ ဆိုတဲ့ ဇာတ်ရုပ် မပီသမှာကိုလည်း တအားကြောက်ခဲ့တယ်။ သုပြောချင်တာ သုခေါင်းထဲမှာရှိခဲ့တာက မီဆိုတဲ့ ဇာတ်ရုပ်ပီပြင်ဖို့ပါပဲ။ မီမှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းတွေ ပါတယ်။ ကိုယ့်စိတ်ထဲမှာက စာရေးဆရာမကြီး ကြည်အေး ရေးခဲ့တဲ့မီ ဖြစ်ဖို့ပါပဲ။ သုရဲ့ ယုံကြည်ချက်က ဘာလဲဆိုတော့ လောကမှာ စေတနာမှန်ရင် အကျိုးပေးလိမ့်မယ်။ သုက ဒါကြီးကို လူငယ်တွေကို အတုယူမှားအောင် ရှေ့ဆောင်လုပ်ပြလိုက်မယ်ဟဲ့ ဆိုပြီးတော့ လုပ်ခဲ့တာမျိုးလည်း မဟုတ်ဘူး။ ဒီဝတ္ထုကို အစအဆုံး ဖတ်ဖူးရင် သိပါလိမ့်မယ်။ မီဟာ သေသွားခဲ့တာ နောက်ဆုံးမှာ။ အခုခေတ်လူငယ်တွေဟာ ပညာတတ်တွေ ချည်းဖြစ်တယ်။ ရုပ်ရှင်ထဲမှာ မင်းသား မင်းသမီး လုပ်ပြလို့ လိုက်လုပ်တဲ့ ခေတ်မဟုတ်တော့ဘူး။ ဒါဟာ လူငယ်တွေအတွက် မှားယွင်းသော လွှမ်းမိုးမှု ဖြစ်လိမ့်မယ်လို့ သုရဲ့ ခေါင်းထဲမှာလုံးဝ မမြင်ခဲ့ပါဘူး။ ဆရာမကြီး ကြည်အေးရဲ့ မီဖြစ်ဖို့ တစ်ခုပဲရှိတယ်။ သရုပ်ဆောင်မှု အပေါ်မှာ သစ္စာရှိစွာနဲ့ပဲ အစွမ်းကုန် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ သုဘဝမှာ ငွေကိုထည့်မက်ခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အဲဒီတော့ ငွေကြောင့် အပြောခံရတော့ တအား စိတ်မကောင်းဘူး”လို့ ပြောရင်း ပိုင်ဖြိုးသုဟာ မျက်ရည်တွေဝဲရင်း ဆိုခဲ့ပါတယ်။

ဘေးနားမှာ ရှိနေတဲ့ ခင်ပွန်းလောင်း ဒါရိုက်တာ ဏကြီးက ပိုင်ဖြိုးသုကို အားပေးနှစ်သိမ့်နေတဲ့ မြင်ကွင်းကလည်း အဲဒီနေ့က ကြည်နူး စရာနဲ့ စိတ်မကောင်းဖြစ်စရာ ခံစားမှု နှစ်ခုကို ရောထွေးစွာပေးခဲ့တာ ဖြစ်ပါတယ်။

ထက်လူ၊ ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*